စာစဉ်(၃၆) အပိုင်း(၇)

166 11 0
                                    

[စာစဉ်(၃၆) အပိုင်း(၇)] အခန်း(၄၁၄-ခ) ကုန်အပြည့်ဖြင့်ပြန်လာခြင်း(၂)

မြောင်းကြီးသည် ဥမင်ပုံသဏ္ဍာန်ဖြစ်ပုံရ၏။ ဝင်ပေါက်မှာမီတာ ၁၀၀ ခန့်ကျယ်သော်လည်း အလယ်ပိုင်းက ၃၀ မီတာခန့်သာ ကျယ်ပြီး အောက်ခြေက ပို၍ ကျယ်သည်။

အလင်းရောင်မရှိသည့်အတွက် ပတ်ပတ်လည်တစ်ခုလုံး မှောင်မည်းနေသည်။ အတက်နှင့်အဆင်းမှလွဲ၍ ကျန်းဟန်အတွက် အခြားဦးတည်ရာမရှိချေ။

၎င်းက အခြားကမ္ဘာတစ်ခုလိုပင်။

သို့သော် ကျန်းဟန်အတွက် ဤမြင်ကွင်းက အဆန်းမဟုတ်ချေ။

"အစီအရင်က မဆိုးပါဘူး။ တခြားတစ်ယောက်သာဆို ဒါကို ချိုးဖြတ်ဖို့ ခက်လိမ့်မယ်..."

ကျန်းဟန်က ခပ်ရေး‌ရေးပြုံးလိုက်ပြီး သူ၏လက်ဖဝါးကို ရှေ့သို့ဆန့်ထုတ်၍ စိတ်ဝိဉာဉ်စွမ်းအားကို တွန်းထုတ်လိုက်သ်ည။ ရုတ်တရက် သူ၏ရှေ့တွင် အဟတစ်ခုပေါ်လာပြီး ထိုနေရာ၌ သုခဘုံတစ်ခုရှိနေသလို အလင်းရောင်ဖျော့ဖျော့ ပေါ်လာသည်။

ကျန်းဟန်က မဆိုင်းမတွပင် ထိုအဟထဲသို့ ခုန်ဝင်လိုက်၏။

ကျန်းဟန် မြေပြင်ပေါ်ဆင်းသက်လိက်သည့်အချိန်တွင် အပင်များဖြင့် ပြည့်နေသည့် တောင်ကုန်းတစ်ခုကို တွေ့လိုက်ရပြီး မီတာ ၃၀ ခန့် အချင်းဝက်ရှိသော ပန်းကန်လုံးပုံစံအကာတစ်ခုဖြင့် ပင်လယ်ရေများကို တားဆီထားသည်။ ဤတောင်ကုန်းပေါ်တွင် မီတာအနည်းငယ်တိုင်း၌ သစ်ပင်တစ်ပင်ရှိပြီး စုစုပေါင်း အပင်အရေအတွက် ထောင်ဂဏန်းရှိသည်။ သစ်ပင်တစ်ပင်စီ၏ထိပ်တွင် ညလင်းပုလင်းများ ထွန်းထားပြီး ၎င်းက အလင်းပင်လယ်ကြီးအဖြစ် စုစည်းနေသည်။

"မဆိုးပါဘူး"

တောင်ကုန်းပေါ်တွင် စိတ်ဝိဉာဉ်ဆေးပင်များစွာ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းဟန်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ အများစုမှာ ပထမအဆင့်စိတ်ဝိဉာဉ်ရတနာများဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှာ ဒုတိယအဆင့်စိတ်ဝိဉာရတနာများဖြစ်ကာ ၎င်းတို့ထဲမှ ကိုးပင်သည်တော့ တတိယအဆင့် စိတ်ဝိဉာဉ်ရတနာများဖြစ်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now