စာစဉ်(၃၈) အပိုင်း(၄)

127 8 0
                                    

[စာစဉ်(၃၈) အပိုင်း(၄)] အခန်း(၄၂၈-ဂ) သတင်းစာရှင်းလင်းပွဲ(၃)

သို့သော် ဆိုင်တံခါးကိုဖွင့်လိုက်သည်နှင့် သူ ချက်ချင်းပြုံးလိုက်သည်။

"ဘာလိုချင်လို့လဲ" တစ်ဖက်တွင် ထိုင်နေသည့် ကျောက်ဖုန်းက ခေါင်းလှည့်ကာ မေးသည်။

"အင်း။ ငါက လီမိသားစုက လီဟွေ့ပါ။ ငါ မစ္စတာကျန်းနဲ့ ဆွေးနွေးစရာရှိလို့" လီဟွေ့က ပြုံးမြဲပြုံးနေသည်။

"ငါ့ကိုပဲပြောပါ" ကျောက်ဖုန်းက မတ်တပ်ထရပ်ပြီဂ သူ့အား တည်ငြိမ်စွာ ကြည့်လိုက်သည်။

"ဒီမှာ... ကောင်းပြီလေ" လီဟွေ့က အသာချောင်းဟမ့်လိုက်ပြီး ပြောသည်။ "မင်းက ကျောက်ဖုန်းမလား။ မင်း မနေ့က လူတစ်ယောက်ကို ရိုက်လိုက်တယ်မလား။ မင်းရဲ့အမြင်ကို မေးဖို့ ငါ ဒီကိုလာတာ။ မင်းကြောင့်ဖြစ်သွားတဲ့ကိစ္စက တော်တော်လေး လေးနက်သွားတယ်။ ဒီတော့ ငါတို့ ဖြေရှင်းချက်လိုတယ်"

ကျောက်ဖုန်းနှင့် မျက်နှာချင်းဆိုင်ရသည့်အခါ သူ့တွင် ဖိအား တစ်စုံတစ်ရာ ရှိမနေချေ။ ထို့ကြောင့် သူ လိုချင်သည့်အရာကို တန်း၍ မေးလိုက်သည်။

"ဘယ်လိုရှင်းပြချက်မျိုးကို လိုချင်တာလဲ" ကျောက်ဖုန်းက မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့လိုက်သည်။ "မနေ့က လီခွန်း အနိုင်ကျင့်လိုက်တဲ့သူက ဘယ်သူလဲ မသိးသိလား။ ငါ့ဆရာကတော်ရဲ့ညီမပဲ။ ငါ့ဆရာသာ အဲဒီမှာရှိနေခဲ့ရင် လီခွန်း အသတ်ခံရလိမ့်မယ်။ လီမိသားစုက မကျေနပ်ရင် မင်းတို့အကြီးအကဲကို ကိုယ်တိုင်လာခိုင်းလိုက်"

ထိုနောက် ကျောက်ဖုန်း ပြန်လှည့်သွားပြီး သူ့ဖုန်းသူ ပြန်ကြည့်နေလိုက်သည်။

လီဟွေ့၏အမူအရာမှာ အနည်းငယ် တောင့်တင်းသွားသည်။ ခဏလောက်စဉ်းစားပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။ "အင်း ငါ့ကို ခွင့်ပြုပါဦး။ ငါ ပြန်ရောက်ရင် အမှန်တိုင်း တင်ပြလိုက်ပါမယ်"

ထိုနောက် စားသောက်ဆိုင်ထဲမှ လှည့်ထွက်သွားပြီး Bentley ပေါ်တက်ကာ ဖြည်းညှင်းစွာ မောင်းထွက်သွားသည်။

"အစ်ကို ငါမေးပြီးပြီ။ တကယ်ပြဿနာဖြစ်ခဲ့တယ်။ မနေ့က ရှောင်ခွန်းအနိုင်ကျင့်လိုက်တဲ့လူက မစ္စတာကျန်းမိန်းမရဲ့ ညီမတဲ့။ ကံကောင်းလို့ အဲဒီကို မစ္စတာကျန်းအစား ကျောက်ဖုန်း ရောက်လာတာ။ မဟုတ်ရင် သူ့ဘဝကတော့... ဟူး... သူတို့ရဲ့ သဘောထားက အရမ်းရှင်းနေပြီ။ ငါတို့ဖြေရှင်းချက်လိုချင်ရင် အကြီးအကဲကို အကူအညီတောင်းရမယ်။ ဒီကိစ္စက ငါတို့အမှားလို့ထင်တယ်။ ငါတို့...."

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now