စာစဉ်(၄၀) အပိုင်း(၁၁)

106 12 0
                                    

[စာစဉ်(၄၀) အပိုင်း(၁၁)] အခန်း(၄၅၀-ခ) လွှမ်းမိုးမှု(၂)

၁၁ နာရီ ၄၀ မိနစ်တွင်...

ဇီကျန်းရှန်သည် ဟဲဗီးဝိတ်အကောင်ကြီးကြီးတစ်ယောက်ကို မြင်လိုက်ရသည့်အခါ မတ်တပ်ပင် ထရပ်လိုက်မိသည်။

"ဦးစီးကေဒါဟူ"

အတွင်းရေးမှူးယွမ်နှင့် အဘိုးအိုတစ်ဦး လျှောက်လာပြီး သူတို့၏နောက်တွင် သက်တော်စောင့်နှစ်ယောက် ပါလာသည်။

"ကျန်းရှန် ဂုဏ်ပြုပါတယ်။ ဒီနေ့ရဲ့ ပျော်ရွှင်စရာပွဲကို ဂုဏ်ပြုဖို့အတွက် ငါ လက်ဖက်ရည်နည်းနည်း ယူလာခဲ့တယ်" ဦးစီးကေဒါဟူက ပြုံးကာ ပြောသည်။

"ကျေးဇူးတင်ပါတယ်"

သူတို့ရောက်လာပြီးနောက် မိနစ်အနည်းငယ်ကြာသည့်အခါ...

"ဟောင်ကောင် ဟုန်လင်းအန်တာတိတ်မန့်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဟုန်ချီထောင်နဲ့ ထန်ကျားယီတို့ ရောက်လာပါတယ်"

"လျိုအုပ်စုရဲ့ ဥက္ကဋ္ဌ လျိုချင်းဖုန်း ရောက်လာပါတယ်"

"ဟောင်ကောင် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ဒါရိုက်တာ လဲ့ထျန်းနန်နဲ့ အကြီးအကဲလန်တို့ ရောက်လာပါပြ"

"တော်ဝင်အန်တာတိတ်မန့်ရဲ့ ဒါရိုက်တာမားနဲ့ ဒါရိုက်တာလျို တို့ ရောက်လာပါတယ်"

"ဟောင်ကောင်က မိသားစုခေါင်းဆောင်ချူ ရောက်လာပါတယ်"

"..."

အမျိုးမျိုးသော ဟဲဗီးဝိတ်အကောင်ကြီးကြီးများ ရောက်ရှိလာခြင်းက လူငယ်မျိုးဆက်သစ်များကို အံ့အားသင့်သွားစေသည်။

အထူးသဖြင့် ဇီချင်းတန်ပင်။ သူသည် လက်ဆောင်တိုင်းကို လက်ခံယူကာ ဘေးနားရှိ နေရာလွတ်တွင် ထားပေးရန် တာဝန်ယူထားရသောကြောင့်ပင်။

ပထမဆုံးအကြိမ် လက်ဆောင်မြောက်များစွာကို ရေတွက်လက်ခံနေရသည့်အတွက် သူ၏လက်များပင် ညောင်းကိုက်နေခဲ့သည်။

လက်ဆောင်များ ပို့ပေးသည်ဖြစ်စေ တခြားတစ်ခုခုလုပ်သည်ဖြစ်စေ အနီးအနားတွင် ပရော်ဖက်ရှင်နယ်ရိုက်ကူးရေးသမားများက အမှတ်တရများကို သိမ်းဆည်းထားရန် ဗီဒီယိုရိုက်နေကြပြီး ပြီးပြည့်စုံသည့် ဗီဒီယိုကို တည်းဖြတ်ရန် ပြင်ဆင်နေကြသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now