စာစဉ်(၃၂) အပိုင်း(၅)

151 7 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၅)

အခန်း(၃၈၂-က)ရှင်းပြဖို့မလို(၁)

သို့သော် တစ်ခုခုထူးဆန်းနေသည်ကို သူတွေ့ရှိခဲ့ရသည်။

လော့ရှန်းက သူ့အား ဤကိစ္စ အကြောင်းကြားရန် ဖုန်းဆက်ခဲ့သော်လည်း သူပြန်လာပြီးနောက်တွင် လော့ရှန်းအား မမြင်မိချေ။

"ထူးဆန်းလိုက်တာ ဒီလူက ဘယ်လိုလုပ် ပျောက်သွားတာလဲ"

အစက ကျွမ်းကျင်ပညာရှင်များသည် တောင်များပေါ်သို့ ကင်းစစ်ဆေးလှည့်လေ့ရှိကြ၏။ သို့သော် သူ ဖုန်းဆက်ပြီးနောက်တွင် သူ ထိုနေရာသို့သွားရန် စီစဉ်ထားသဖြင့် ဤပြဿနာအား အမြန်ဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။

"ကျေးဇူးပြုပြီး"

ဝမ်ချီရှန်က မတ်တပ်ရပ်ကာ လက်ဟန်ပြလိုက်သည်။

အရပ်ရှည်ရှည် နေကာမျက်မှန်၊ ပိုနီတေးနှ၍့် အမျိုးသမီးက ပထမဆုံးထရပ်ကာ သူမ၏အတွင်းရေးမှူးနှင့်အတူ အပြင်ထွက်သွားပြီး အခြားသူများက ရယ်မောစကားပြော၍ နောက်မှလိုက်လာကြသည်။ နောက်ဆုံးတွင်တော့ ဟောင်ကောင်ရှိ ကုန်းမြေတစ်ခုဖွံ့ဖြိုးရေးက အတော်လေးတန်ဖိုးများနေသည်။ မဟုတ်ပါက ဤကိစ္စကို ညှိုနှိုင်းရန် စုဝေးကြမည်မဟုတ်ချေ။

လမ်းလျှောက်ထွက်လာရင်း ဝမ်ချီရှန်က အရမ်မြင့်မြင့်အမျိုးသမီး၏နောက်ကျောကိုကြည့်ရင်း အနည်းငယ် ပူလောင်လာသလို ခံစားလိုက်ရသည်။

သူမက တကယ့်အလှလေးပဲ...

ဝမ်ချီရှန် က သူမကို ခဏလောက်စိုက်ကြည့်လိုက်ပြီးနောက် ခြေလှမ်းအနည်းငယ် အမြန်လျှောက်ကာ သူမအနား သွားလိုက်ပြီး "မစ္စချောင်က နိုင်ငံခြားကပြန်ရောက်တာ မကြာသေးဘူးလို့ကြားတယ်"

"အင်း ဟုတ်တယ်" အရပ်ရှည်ရှည်အမျိုးသမီးက ဝမ်ချီရှန်ကို မျက်လုံးမှေး၍ကြည့်လိုက်သည်။ "ပြန်ရောက်တာ နှစ်ရက်ပဲရှိသေးတယ်"

"မစ္စချောင်က ပြန်ရောက်တာနဲ့ မိသားစုစီးပွားရေးကို ထမ်းထားရတယ်။ မင်းက တကယ်အရည်အချင်းရှိတဲ့မိန်းကလေးတစ်ယောက်ပဲ" ဝမ်ချီရှန်က မြှောက်ပင့်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now