စာစဉ်(၃၈) အပိုင်း(၅)

129 9 0
                                    

[စာစဉ်(၃၈) အပိုင်း(၅)] အခန်း(၄၂၉-ခ) အားလုံးအဆင့်သင့်ဖြစ်ပြီ(၂)

ထိုနောက် ရိုးရှင်းသည့် ပုံစွဲကာတွန်းပုံစံ MV သည် စတင်ပြသလာပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကြားရှိ အချစ်ဇာတ်လမ်းကို ဆက်တိုက်ပြသသွားသည်။

ထိုကဲ့သို့သော ဒီဇိုင်းမျိးက အလွန်ထူးခြားသည်။ သို့သော် ပရိသတ်များ၏အာရုံစိုက်မှုသည် ဇီယန်၏သီဆိုမှုအား ပို၍ အလေးထားခဲ့ကြသည်။

"ကျွန်မမျက်လုံးတွေ မှိတ်ထားပြီး ရှင့်နှလုံးသားရဲ့ဘေးမှာ အသက်ရှူမယ်... ဒီအခိုက်အတန့်မှာ ကမ္ဘာပေါ်မှာ ကျွန်မတို့ပဲရှိတယ်... ရှင့်ရဲ့အပြုံးတွေက ကျွန်မရဲ့နှလုံးသားကို ဖမ်းစားသွားပြီးကွယ်....."

"ဝိုး မေမေထွက်လာပြီ။ မေမေသီချင်းဆိုတာ အရမ်းကောင်းတယ်...." မုန့်မုန့်က ကျန်းဟန်၏ရင်ခွင့်ထဲမှ သူမ၏လက်မောင်းလေးများကို ဝှေ့ယမ်းရင်း အားပေးသည်။

ကျန်းဟန်လည်း ပြုံးကာ ဇီယန်အား နူးညံ့သိမ်မွေ့သည့်မျက်ဝန်းများဖြင့် ကြည့်နေသည်။

ထိုအချိန်အတွင်း၌ ရာနှင့်ချီသော ပရိသတ်များသည် သာယာချိုမြိန်သည့်သီချင်းသံကို တိတ်ဆိတ်ငြိမ်သက်စွာ ခံစားနားထောင်နေကြသည်။

သီချင်း၏အဆုံးသတ်သို့ရောက်သည့်အခါ ဇီယန် သီဆိုလိုက်ကသည်။ "ရှင့်ကိုချစ်နေရုံပဲ ရှင့်ကိုချစ်တယ် ရှင့်ကိုချစ်တယ်... ကျွန်မ ရှင်နဲ့ နီးချင်တယ်... ရှင့်ကြောင့်ကွယ်...."

"ရှင့်ကြောင့်ကွယ်" ဆိုသည့်နေရာကို သီဆိုချိန်တွင် ဇီယန်သည် ကျန်းဟန်အား ကြည့်လိုက်ပြီး သူမ၏နူးညံ့သွယ်လျသည့် လက်လေးဖြင့် အသံပုံလေးလုပ်ပြခဲ့သည်။

သူတို့ တစ်ယောက်ကိုတစ်ယောက် စက္ကန့်အနည်းငယ် ကြည့်လိုက်ကြပြီး ကျန်းဟန်ကလည်း အသည်းပုံ ပြန်၍ လုပ်ပြခဲ့သည်။ ဤသီချင်းက ဇီယန် သူ့အတွက် အထူးရည်ရွယ်၍ ရေးဖွဲ့ထားခြင်းဖြစ်ကြောင်း သူသိလေသည်။

သီချင်းဆုံးသွားသည့်အခါ လက်ခုပ်ဩဘာသံများ ပြင်းထန်ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now