စာစဉ်(၃၃) အပိုင်း(၅)

155 11 0
                                    

စာစဉ်(၃၃)အပိုင်း(၅)အခန်း(၃၈၉-ခ)မမျှော်လင့်သောပျော်ရွှင်မှု(၂)

"မေမေပြောထားတာ မေ့သွားပြီလား" ဇီယန်က မုန့်မုန့်အား ကြည့်ကာ ပြောလိုက်သည်။

မုန့်မုန့် နှုတ်ခမ်းလေးစူလိုက်ပြီး ဘာမှထပ်မပြောတော့။

ကျန်းဟန် သက်ပြင်းချလိုက်ပြီး ဇီယန်အား ထမင်းတစ်ပန်းကန်ချပေးကာ နွားနို့တစ်ခွက်ငှဲ့၍ သူမရှေ့ စားပွဲပေါ်တင်ပေးရင်း တိုးတိုးလေးပြောလိုက်သည်။ "ထမင်းအရင်စားလိုက်ပါ"

သို့သော် ဇီယန်က သူ့အား လျစ်လျူရှုပြီး ထမင်းပန်းကန်နှင့် နွားနို့ခွက်ကို ဘေးသို့တွန်းလိုက်သည်။

"ဂလု..."

အရသာရှိ၍ မွှေးပျံ့သည့် အစားသောက်များကို ကြည့်ရင်း လျန်မုန့်ချီနှင့် ကျိုးဖေးတို့ တမ်းတသည့်အကြည့်များဖြင့် အချင်းချင်းကြည့်လိုက်သည်။ သူတို့ ဗိုက်များက စတင်အသံမြည်လာ၏။

သူတို့ စားချင်သော်လည်း...

နောက်ဆုံးတွင် သူတို့၏တူများကို မလှုပ်ရှားကြဘဲ မွှေးရနံ့၏နှိပ်စက်မှုကိုသာ တောင့်ခံနေကြရသည်။

"အပေါ်ထပ်မှာ ကိုယ်နဲ့စကားပြောလို့ရမလား။ ဘာပဲဖြစ်ဖြစ် မင်း ကိုယ့်စကားကို နားထောင်ပေးမှရမယ်" ကျန်းဟန် အားတင်းကာ ပြုံးလိုက်သည်။

"ကျွန်မ ရှင်နဲ့ ဘာမှမပြောချင်ဘူး"

ဇီယန် ချက်ချင်းထရပ်ပြီး သူမကားဆီ ပြန်သွားခဲ့သည်။

ကျိုးဖေး၊ လျန်မုန့်ချီနှင့် လျန်ဟောင်တို့လည်း ထွက်သွားကြ၏။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ကျိုးဖေးဝင်လာပြီး မုန့်မုန့်အား အတင်းအကြပ်ခေါ်သွားသည်။

ထိုနောက် ကားမှာ ဖြည်းညှင်းစွာ မောင်းထွက်သွား၏။

ညဘက်တွင်... ကျန်းဟန် အိပ်ခန်းထဲ၌ တစ်ယောက်တည်းရှိနေခဲ့သည်။

ဗလာဖြစ်နေသည့်အိပ်ခန်းကိုကြည့်ပြီး သူ သက်ပြင်းချလိုက်၏။

ကျန်းဟန် ထကာ စားသောက်ဆိုင်မှ ထွက်လာခဲ့၏။ သူသည် လမ်းပေါ်တွင် ဦးတည်ရာမဲ့စွာ လမ်းလျှော်ကနေခဲ့ပြီး နောက်ဆုံးတွင် လဆန်းတောင်သို့ ရောက်ရှိလာသည်။ အရှေ့ဘက် ကမ်းကားအစွမ်းရှိ သစ်ပင်ပေါ်တွင်ထိုင်ရင်း သစ်တောကိုဖြတ်၍ တိုက်ခတ်လာသည့် ပင်လယ်လေညင်းကြောင့် သစ်ရွက်များကို တဖျပ်ဖျပ်အသံထွက်နေသည်ကို ကြားနေရသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိUnde poveștirile trăiesc. Descoperă acum