စာစဉ်(၃၈) အပိုင်း(၁၄)

138 7 0
                                    

[စာစဉ်(၃၈) အပိုင်း(၁၄)] အခန်း(၄၃၅-ခ) မိသားစုခေါင်းဆောင်အသစ်(၂)

"ရှောင်ယန်လည်း အရွယ်ရောက်လာပြီ" ဇီကျန်းရှန်က ပြုံး၍ ပြောသည်။ "မြေးငယ်ငယ်ကအချိန်တွေကို အဘိုးမှတ်မိသေးတယ်။ အချိန်တွေကုန်တာ မြန်လိုက်တာ။ မြေးမှာ အရည်အချင်းရှိတဲ့ ခင်ပွန်းရှိနေပြီ။ အရမ်းကောင်းတယ်"

နောက်ဆုံးတွင် ဇီကျန်းရှန်သည် ကျန်းဟန်အား ကြည့်လိုက်၏။ သူသည် ဇီယန်ကို ချီးကျူးရုံသာမက ကျန်းဟန်၏ထူးချွန်သည့်အရည်အချင်းကိုလည်း ချီးကျူးခဲ့သည်။

ထိုနောက် ဇီကျန်းရှန်သည် ခေါင်းကိုလှည့်ကာ ဖြည်းညှင်းစွာ ထရပ်ပြီး တောင်ဝှေးဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားသည်။ သူသည် ပလက်ဖောင်းပတ်ပတ်လည်နှင့် ရင်ပြင်ရှိ လူများကိုကြည့်ကာ ကျယ်လောင်သောအသံဖြင့် ကြေငြာလိုက်သည်။

"မိသားစုစည်းလုံးမှုက ဘယ်လုပ်ငန်းမှာမဆို အောင်မြင်မှုရဲ့ အခြေခံပဲ။

ငါ အနားမယူခင်က အရင်မိသားစုခေါင်းဆောင်ဟာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်သင့်တယ်၊ ဇီမိသားစုကို ဒီအတိုင်းပဲ ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်တယ် ဆိုပြီး တစ်ခါက ပြောခဲ့ဖူးတယ်။ သူနဲ့ယှဉ်ရင် ဇီချင်းတန်းက ပိုပြီးရည်မှန်းချက်တွေရှိတယ်။ ဒါပေမယ့် သူ မိသားစုကို လွှဲပြောင်းအုပ်ချုပ်တဲ့အချိန်မှာတော့ မိသားစုစည်းလုံးမှုဟာ အောင်မြင်မှုအတွက် အခြေခံပဲလို့ ငါသူ့ကိုပြောခဲ့တာ မှတ်မိတယ်"

ဇီကျန်းရှန်၏စကားများက ဇီချင်းတန်၊ ဖန်းဟွမ်နှင့် အခြားသူများအား ချက်ချင်းခေါင်းငုံ့သွားစေသည်။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဇီမိသားစုရဲ့တိုးတက်မှုကို ငါ ရံဖန်ရံခါ အာရုံစိုက်ခဲ့တယ်။ စည်းမျဉ်းတွေ ပိုပြီးတင်းကျပ်လာတာကိုလည်း ငါကြားခဲ့တယ်။ ဒါပေမယ့် ဇီမိသားစုက ဒီလိုစည်းမျဉ်းတွေအောက်မှ တိုးတက်နေတာကြောင့် ငါ ဝင်မစွက်ဖက်ခဲ့ဘူး။ ငါသေပြီးရင် ဘိုးဘေးတွေကို မျက်နှာချင်းဆိုင်ဖို့ ငါ အရှက်ရမှာ မဟုတ်ဘူးလေ။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now