စာစဉ်(၃၆) အပိုင်း(၁၄)

164 8 0
                                    

[စာစဉ်(၃၆) အပိုင်း(၁၄)] အခန်း(၄၁၈-ခ) ဟေးနှစ်ကောင်အဆင့်တက်ခြင်း(၂)

သို့သော် အကြီးမားဆုံးပြောင်းလဲမှုမှာ ၎င်း၏ရင်ဘတ်‌ေရှေ့၌ ဝတ်ဆင်ထားသည့် ရုပ်ပြောင်းကြေးဒင်္ဂါးဖြစ်သည်။ အပြာရောင်အလင်းတန်းအချို့၏တိုက်ခိုက်မှုကြောင့် ၎င်းမှာ အက်ကွဲသွား၏။

၎င်းမှာ မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး သူ၏မျက်လုံးများမှတဆင့် အထဲသို့ဝင်ရောက်သွားသည်။

"ဝူး"

တာဟေးမှာ အံ့အားသင့်သွား၏။ ထိုနောက် သူ လန်းဆန်းသလိုခံစားလိုက်ရပြီး အားအင်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။

"ဝူး...."

ထိုအချိန်တွင် ရှောင်ဟေး၏ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများလဲ ပြီးဆုံးသွားသည်။ သူ၏ အရွယ်အစားမှာ ပြောင်းလဲမသွားဘဲ သူ၏ခန္ဓာကိုယ်အချိုးအစားက ပိုမိုကောင်းမွန်လာသည်။

ထိုပြောင်းလဲမှုများက အိမ်မွေးတိရစ္ဆာန်ဧရိယာရှိ အခြားတိရစ္ဆာန်များကို အံ့ဩသွားစေသည်။

"ဘုရားရေ။ ဘော့စ်က ပိုကြီးကြီးလာတယ်။ အံ့ဩစရာပဲ"

တိရစ္ဆာန်များ၏အာရုံစိုက်မှုအောက်တွင်

ရုတ်တရက်...

"???"

"ငါတို့ဘော့စ်က ဘာလို့ သေးလာတာလဲ"

တာဟေး၏မျက်လုံးများ မျက်လုံးများ လှုပ်ရှားသွားသည်ကို သူတို့ မြင်လိုက်ရပြီး သူ၏ခန္ဓာကိုယ်က သေးသေးလိုက်လာကာ နောက်ဆုံးတွင် ၁.၅ မီတာအမြင့်သာ ရှိတော့သည်။

တာဟေးက သူ့ကိုယ်သူ ငုံ့ကြည့်လိုက်၏။

"ဝူး"

၎င်းကို သဘောမကျသည့်အတွက် သူ အော်ဟစ်လိုက်သည်။ ထိုနောက် သူ၏ခန္ဓာကိုယ်မှာ ပြန်ကြီးလာပြီး ၂.၅ မီတာအမြင့်သို့ ပြန်လည်ရောက်ရှိသွား၏။

"ဝူး ဝူး ဝူး"

"ဒါမှ ပိုတူသွားတာ။ သန်မာတာက အရမ်းကောင်းတယ်"

တာဟေးက ပျော်ရွှင်စွာဖြင့် တွေးလိုက်သည်။ သို့သော် ရုတ်တရက် သူ ခေါင်းကုတ်လိုက်သည်။ အကြောင်းမှာ သူ၏အရပ်က ၁.၇ မီတာ ပြန်ဖြစ်သွားပြီး သူ၏အသွင်အပြင်က ဆက်တိုက်ပြောင်းလဲလာသောကြောင့်ပင်။ နောက်ဆုံးတွင် သူသည် အနောက်တိုင်းဝတ်စုံပြည့်ဝတ်ဆင်ထားသည့် ကျောက်ဖုန်းနှင့် တူသွား၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now