စာစဉ်(၃၂) အပိုင်း(၁၃)

154 9 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၁၃)

အခန်း(၃၈၆-က)ထပ်မံရှုံးနိမ့်ခြင်း(၁)

မုန့်မုန့်အပန်းဖြေရာစားသောက်ဆိုင်တွင်...

နေ့လည် ၁ နာရီခွဲ၌ သာမန်စားသုံးသူ သုံးလေးယောက်သာ ရှိနေသည်။

ဗီအိုင်ပီစားပွဲ၌ ရှုယုံ၊ စွန်းဒုန်ဟမ်၊ လျန်ဟောင်၊ လျန်မုန့်ချီနှင့် ကျောက်ဒါဟူတို့ ထိုင်နေပြီး ယူချင်းချင်းကတော့ အလုပ်မအားသဖြင့် နေ့လည်ခင်းဘက် မလာခဲ့ချေ။

ကျန်းဟန်နှင့် မုန့်မုန့်တို့က ဒုတိယထပ်တွင် ရှိနေကြသည်။ ပထမထပ်တွင် ကျန်းလီက တံခါးစောင့်နတ်ဘုရားကဲ့သို့ ဆိုဖာအစွန်းတွင်ထိုင်ကာ ဖုန်းကြည့်နေရင်း ရံဖန်ရံခါ တံခါးဆီသို့ လှမ်းကြည့်နေသည်။ လော့ချင်းသးည် နားကြပ်တပ်ထားပြီး တက်ဘလက်ဖြင့် လူငယ်အချစ်ဇာတ်လမ်း တီဗီစီးရီးကို ကြည့်ရင်း သူမဘေးတွင် ငြမ်သက်စွာ ထိုင်နေ၏။

လျန်မုန့်ချီသည် နေ့လည်စာကို စားပြီးသည်နှင့် နွားနို့သောက်ရင်း သူမအစ်ကို ကျန်းလီအား စိုက်ကြည့်နေသည်ကို ခံစားမိလိုက်ပြီး နှုတ်ခမ်းကို တွန့်ကွေးကာ ကျန်းလီအား လက်ပြလိုက်သည်။ "လီလီ ဒီမှာ ခဏလာထိုင်ပါဦး"

"ဘာလို့လဲ" ကျန်းလီက သူမဘေးတွင် ဝင်ထိုင်ပြီး "ဘာလုပ်မလို့လဲ"

လျန်ဟောင် လျန်မုန့်ချီအား တစ်ချက်ကြည့်လိုက်၏။ သူ့ညီမ ဘာတွေထူးထူးဆန်းဆန်းလုပ်ချင်နေလဲ သူ သိ၏။

"ဘာလို့ ဒီနေ့ အစောကြီးရောက်နေတာလဲ။ ခါတိုင်း ညဘက်မှ လာနေကျမဟုတ်လား" လျန်မုန့်ချီက မေးသည်။

"အာ... ငါ လာချင်တဲ့အချိန်လာမှာပေါ့။ နင်နဲ့ဘာဆိုင်လို့လဲ" ကျန်းလီက သူမအား တစ်ချက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။ "ခုတလော ငါ အားနေတယ်လေ။ မနက်တိုင်းလာပြီးတော့ ည ၁၀ နာရီမှ အလုပ်ပြန်သွားလုပ်ရမှာ"

"အိုး အဲဒါကောင်းတယ်" လျန်မုန့်ချီ ရယ်မောလိုက်၏။

"နင် နည်းနည်းထူးဆန်းနေတယ်။ တစ်ခုခုဖြစ်လို့လား" ကျန်းလီက လျန်မုန့်ချီအား စိုက်ကြည့်ကာ မေးလိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိحيث تعيش القصص. اكتشف الآن