စာစဉ်(၃၂) အပိုင်း(၁၅)

160 12 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၁၅)

အခန်း(၃၈၇-က)သူဌေးကတော်ရဲ့နာမည်(၁)

ချောင်လောလောသည် သူမ၏ကားနောက်ခန်းသို့ တက်သွားပြီးနောက် လက်ကိုင်အိတ်အား စိတ်မရှည်စွာဖြင့် ထိုင်ခုံပေါ် ပစ်ချလိုက်၏။ ဒရိုင်ဘာမှာ လန့်သွားပြီး လက်ဖဝါးများ အနည်းငယ် တုန်ယင်သွားသည်။ သို့သော် သူ အရဲစွန့်ကာ နောက်ကြည့်မှန်မှတဆင့် ကြည့်လိုက်သေး၏။

ချောင်လောလော အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ကျန်းဟန်က လူအများရှေ့၌ပင် အဘယ်ကြောင့် ဤမျှ ကြီးစိုးခြယ်လှယ်နိုင်သည်ကို သူမ နားမလည်နိုင်။

သူမ ကိုယ့်ခြေထောက်ကိုယ် သေနတ်နှင့်ပစ်မိသလို ခံစားလိုက်ရသည်။

သူမနောက်တွင် မစ္စတာရှန်း ထိုင်နေပြီး သူမရှေ့တွင် လင်းအုပ်စုရဲ့မင်းသမီး လင်းရွှယ်ထိုင်နေသည်။ သူမဘေးနားတွင်လည်း အဖွဲ့ဝင်များစွာရှိနေ၏။ နာမည်ကြီးများစွာ၏ရှေ့တွင် ချောင်မိသားစု၏သိက္ခာကို ချမိမည်စိုး၍ သူမ ဘာမှ ထပ်မပြောရဲခဲ့။

ဤက သူမကို အလွန်ဒေါသထွက်စေသည်။

သူမ မျက်လုံးများကိုမှိတ်ကာ သုံးမိနစ်ခန့် တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မျက်လုံးပွင့်လာပြီး ဒရိုင်ဘာကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ "တော်ဝင်အန်တာတိတ်မန့်ကုမ္ပဏီကို ဆက်သွယ်လိုက်။ ဇီယန်ရဲ့... ကိုယ်ပိုင်ဖုန်းနံပါတ်ကို ငါ လိုချင်တယ်"

၎င်းကိုစဉ်းစားရင်း ချောင်လောလော ပြန်လည်တက်ကြွလာပြီး ချိုးဖောက်ဝင်ရောက်စရာအားနည်းချက်တစ်ခုကို ရှာတွေ့လိုက်သလို ခံစားလိုက်ရ၏။

သို့သော်...

ည ၉ နာရီ ၃၀ မိနစ်တွင် ချောင်လောလော သူမအိမ်သို့ပြန်သွားသည့်အချိန်၌ ဇီယန်၏ကိုယ်ပိုင်ဖုန်းနံပါတ်ကို သူမ၏ဖုန်းထဲသို့ ပေးပို့လာ၏။

သူမ ဗီလာဒုတိယထပ်ရှိ အိပ်ခန်းပြတင်းပေါက်ရှေ့တွင် ရပ်နေရင်း တံခါးကိုဖွင့်ကာ လသာဆောင်သို့ သွားလိုက်သည်။ အဖြူရောင်လက်ရန်းကို မှီကာ နှစ်မိနစ်လောက် စဉ်းစားလိုက်ပြီးနောက် ဇီယန်၏နံပါတ်အား ခေါ်လိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now