စာစဉ်(၃၄) အပိုင်း(၂)

173 12 0
                                    

[စာစဉ်(၃၄)အပိုင်း(၂)]အခန်း(၃၉၄-ခ)ခရီးစဉ်(၂)

နေကာမျက်မှန်ကို တပ်ကာ ဇီယန်သည် ကျန်းဟန်၏လက်မောင်းကိုဖက်၍ အတူတူထွက်လာကြသည်။

လမ်းတစ်လျှောက်တွင် လူများစွာ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ကြသည်။ ဟိုတယ် ချက်ခ်အောက်လုပ်ပြီးနောက် မာစီးဒီးကားပေါ်သို့ တက်ကာ လဆန်းပင်လယ်ကွေ့သို့ ဦးတည်မောင်းလာကြသည်။

ဇီယန်သည် အလွန်ကြည်နူးနေသဖြင့် လမ်းတွင် သီချင်းတစ်ပုဒ်ညည်းလာခဲ့သည်။

ကျန်းဟန်သည် ကားမောင်းနေရင်း သာယာသည့်သီချင်းသံကို နားထောင်ကာ လှိုက်လှဲစွာ ပြုံးလိုက်သည်။

သူ ကားမောင်းနေစဉ် ကျောက်ဖုန်းက သူ့အား ဖုန်းဆက်ပြီး ဟင်းချက်စရာများ ပြင်ဆင်ထားရန်လိုအပ်သလားဟု မေးသည်။

ခဏလောက် စဉ်းစားပြီးနောက် ကျန်းဟန်က ဟင်းချက်စရာမျိုးစုံကို တောင်းလိုက်သည်။

ဖုန်းချပြီးနောက် နာရီဝက်ခန့်ကြာသည့်အခါ သူနှင့် ဇီယန် စားသောက်ဆိုင်သို့ ပြန်‌ရောက်လာကြသည်။

ထိုအချိန်တွင် ဆိုင်ရှေ့၌ လူ ၂၀ ကျော် တန်းစီနေပြီဖြစ်သည်။

စားဆသာက်ဆိုင်ထဲတွင် လူပြည့်နေပြီး အဆင့်အတန်းမြင့်မားသည့် မစ္စတာရှန်းပင် အထဲ၌ တိတ်တိတ်လေး ထိုင်နေသည်။

ရက်အတော်ကြာ ညှည်းပန်းနှိပ်စက်ခံရပြီးနောက် နောက်ဆုံးတွင် စားသောက်ဆိုင်၏ဟင်းလျာများကို သူတို့ ပြန်စားနိုင်ပြီဖြစ်သည်။

တန်းစီနေသည့်လူများက ဇီယန်နှင့် ကျန်းဟန် လက်ချင်းချိတ်၍ ပြန်လာသည်ကို တွေ့သည့်အခါ "ကြိုဆိုပါတယ် သူဌေး၊ ကြိုဆိုပါတယ် သူဌေးကတော်" ဟု ပြော၍မဆုံးဖြစ်နေသည်။

"ဝိုး... နောက်ဆုံးတော့ သူဌေးကတော် ပြန်လာပြီ။ ငါတို့ ဒီကစားသောက်ဖွယ်ရာတွေကို စားချင်တဲ့စိတ်နဲ့ သေတောင်သေတော့မလို့"

"...."

သူတို့၏စကားကို ကြားသည့်အခါ ဇီယန် ပြုံးသွား၏။

ကျန်းဟန်က ပြုံးကာ ဇီယန်၏ခါးကို ဖက်လိုက်သည်။

လူများသည် ပျော်ပွဲရွှင်ပွဲများ၌ ပါဝင်ရသည့်အခါ စိတ်တက်ကြွကြကြောင်း အဆိုရှိ၏။ ယခု ကျန်းဟန်လည်း ထိုအခြေအနေတွင် ရှိနေသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now