စာစဉ်(၃၅) အပိုင်း(၈)

181 8 0
                                    

[စာစဉ်(၃၅) အပိုင်း(၈)] အခန်း(၄၀၆-ခ) သတင်းကောင်း(၂)

"ခုမှပဲ ငါ့ကို စိတ်သက်သာရာရသွားစေတယ်" ယုံကျားရှင်းက သက်ပြင်းရှည်ကြီးချလိုက်ပြီး "သူတို့ပြန်လာရင် ငါတို့ ပြန်လည်တွေ့ဆုံပွဲလေးကောင်းကောင်းရှိသင့်တယ်"

ဤသတင်းကို သိလိုက်ရတော့ အခန်းတွင်းအငွေ့အသက်မှာ ချက်ချင်း ပိုမိုတက်ကြွလာခဲ့သည်။

မုန့်မုန့်သည် ကျန်းဟန်နှင့် ဇီယန်ကြားတွင် ထိုင်ကာ ပတ်ပတ်လည်အား လိုက်ကြည့်၏။

နောက်ဆုံးတွင် သူမလေးသည် ကျန်းဟန်အား ကြည့်ကာ မေးလိုက်သည်။ "ဖေဖေ ဘွားဘွားနဲ့ ဘိုးဘိုးက ပြန်လာတော့မှာလား"

"ဟုတ်တယ်။ နည်းနည်းတော့ ကြာဦးမှာ"

"သူတို့က မုန့်မုန့်ကို သဘောကျမှာလား"

"ဒါပေါ့။ သူတို့က မုန့်မုန့်ကို အရမ်းသဘောကျကြမှာ" ကျန်းဟန်က မုန့်မုန့်အား ပွေ့ချီကာ သူမလေးအား နမ်းလိုက်၏။

"မုန့်မုန့်အတွက် မုန့်တွေ ဝယ်ပေးမှာလား" မုန့်မုန့်က မျက်လုံးဝိုင်းဝိုင်းများကို တဖျပ်ဖျပ်ခတ်ရင်း မေးသည်။

"သူတို့က သမီးအတွက် မုန့်တွေအများကြီး ဝယ်ပေးမှာပေါ့"

"ဒါဆို... မုန့်မုန့်ကို အပြင်ထွက်ကစားဖို့ ခေါ်သွားပေးမှာလား"

"အင်း..."

မုန့်မုန့်က တစ်မိနစ်ခန့် မေးပြီးနောက် မင်းသမီးလေး၏မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်လာသည်။ "ဒါဆို ဘိုးဘိုးနဲ့ ဘွားဘွားကို မုန့်မုန့်သဘောကျတယ်။ သူတို့ ပြန်လာပြီး မုန့်မုန့်ကို ကစားနဲ့အတူကစားဖို့ စောင့်နေမယ်"

သူမလေး၏အပြစ်ကင်းစင်သည့်စကားများက ရယ်မောသံများ ထွက်ပေါ်လာစေသည်။

သူတို့အချင်းချင်း စကားစမြည်ပြောနေကြစဉ် စားပွဲထိုးများက ဟင်းပွဲများ ဆက်တိုက်လာချပေးသည်။

ငါးဟင်းစားသောက်ဆိုင်ဖြစ်သည့်အတွက် ငါးနှင့်ပတ်သက်သည့် ဟင်းပွဲများက အများစုဖြစ်သည်။ ယေဘုယျအားဖြင့် ငါးများတွင် အရိုးအလွန်များပြီး မုန့်မုန့်အရွယ်ကလေးများအတွက် ၎င်းတို့ကိုယ်တိုင် နွှင်တတ်ရန် သင်ယူနိုင်ကြသည်။ သို့သော် မိဘအများစုသည် သူတို့၏ကလေးများ လည်ချောင်းတွင် ငါးရိုးကပ်နေမည်ကို စိုးရိမ်ကြပြီး အကယ်၍ သူတို့ မျိုမချနိုင်ခြင်း သို့မဟုတ် ထွေးမထုတ်နိုင်ခြင်း ဖြစ်ခဲ့ပါက အမှန်တကယ် နာကျင်သွားရမည်ဖြစ်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိDove le storie prendono vita. Scoprilo ora