စာစဉ်(၃၅) အပိုင်း(၉)

169 7 0
                                    

[စာစဉ်(၃၅) အပိုင်း(၉)] အခန်း(၄၀၇-ခ) ကျုပ်ကိုဘယ်လိုတားနိုင်မှာလဲ(၂)

ထိုနေရာသည် ဝမ်မိသားစု၏ဘိုးဘေးဝတ်ပြုနေရာဖြစ်ပြီး ဝမ်မိသားစုပိုင်ဆိုင်သော်လည်း ဆန်းကြယ်မြူခိုးဂိုဏ်းက ၎င်းကို သိမ်းပိုက်ချင်ခဲ့သည်။ အားလုံးသိကြသည့်အတိုင်း အထွတ်အမြတ်ရတနာ တောင်းတန်းနှင့်မြစ်ပြင်များအလံကို ထိုနေရာတွင် မြှုပ်နှံ့ထားသည့်ပုံရသည်။

ဆန်းကြယ်မြူခိုးဂိုဏ်းသည် ရှီးဟန်တွင် စွမ်းအားအကြီးဆုံးဂိုဏ်းဖြစ်သောကြောင့် ထိုနေရာတွင် အထွတ်အမြတ်ရတနာရှိကြောင်း သိရှိသော်လည်း မည်သူမျှ ဝင်ရောက် လှယူတိုက်ခိုက်ရဲခြင်းမရှိကြချေ။

အကြောင်းမှာ... ထိုရတနာသည် မူလက ဝမ်မိသားစု၏ဘိုးဘေးများ လက်ထဲတွင် ရှိနေခဲ့၍ပင်။ ထို့ပြင် ၎င်းကို ဝင်္ကပါဖွဲ့စည်းရန် မည်သို့ပြုလုပ်ရမည်ကို မသိကြသဖြင့် သူတို့အတွက် အရုပ်တစ်ရုပ်နှင့်မခြားပေ။

ဝင်ရောက်တိုက်ခိုက်လုယူရန် မရည်ရွယ်ထားကြသော်လည်း သူတို့ လိုက်ကြည့်နေချင်ကြဆဲပင်။

ဆိုင်ယန်မြူခိုးတောင်ခြေသို့ ရောက်သည့်အခါ မုန့်မုန့်က ကြည်လင်ဝိုင်းစက်သည့်မျက်လုံးလေးများဖြင့် ပြတင်းပေါက်မှ လှမ်းကြည့်ရင်း သိချင်စိတ်ဖြင့် မေးသည်။ "ဖေဖေ ကြည့်ဦး ဟိုမှာ လူတွေရော ကားတွေရော အများကြီးပဲ"

"အင်း သူတို့က ဒီကို အပျော်လာကြတာလေ" ကျန်းဟန်က ပြုံးကာ ပြန်ဖြေသည်။

သူသည် တစ်ချက်ကြည့်လိုက်ရာ တောင်ပေါ်တွင် ကားအစီးရေ ၂၀၀ မှ ၃၀၀ ခန့်အထိ ရပ်ထားပြီး လူများက အုပ်စုဖွဲ့ကာ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။

သို့သော် လမ်းကို ပိတ်ဆို့ထားခြင်း မရှိသည့်အပြင် မီတာ ၁၀၀ အချင်းဝက်ရှိသည့် နေရာလွတ်တစ်ခုကိုလည်း တောင်ခြေတွင် ရှိနေသည်။ ရှီခွမ်းက ဦးဆောင်ပြီး ဆန်းကြယ်မြူခိုးဂိုဏ်းမှ တပည့်များက နေရာလွတ်၏တစ်ဖက်တွင် ရပ်နေကြသည် အခြားတစ်ဖက်တွင် ရှီမိသားစု၏တပည့်များက ရပ်နေကြသည်။

လူတိုင်း၏အကြည့်အောက်တွင် ဝမ်မိသားစုကို ကိုယ်စားပြုသည့် မော်တော်ယာဉ်တန်းက တဖြည်းဖြည်း မြင်ကွင်းထဲဝင်လာသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now