စာစဉ်(၄၀) အပိုင်း(၉)

103 9 0
                                    

[စာစဉ်(၄၀) အပိုင်း(၉)] အခန်း(၄၄၉-ခ) စေ့စပ်ပွဲ(၂)

မြွေ၏ခန္ဓာကိုယ်သည် အလွန်သေးငယ်သော်လည်း အနီးအနားရှိ ချီစွမ်းအားမာစတာများမှာ ၎င်း၏ကြီးမားသောစွမ်းအားကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြရသည်။

ထို့ပြင် စုမူသည် ဤအကွက်ကို ထုတ်ဖော်နေစဉ် သဲကိုထိန်းချုပ်ရန် စိတ်ဝိဉာစွမ်းများကို အားသာချက်မယူခဲ့ချေ။ တကယ်တမ်းတွင် သူသည် မြေမန္တန်ကို နက်ရှိုင်းစွာနားလည်ထားသ◌ဖြင့် သဲ၊ ကျောက်တုံးနှင့် မြေဆီလွှာတို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။

အစောပိုင်းက သူနှင့် တိုက်ခိုက်ခဲ့သည့် သက်လတ်ပို်ငလးက ပြောသည်။ "သခင်လေးစုရဲ့လှုပ်ရှားမှုက အရမ်းမြန်ပြီး ရက်စက်တယ်။ သူသာ ခုနဥ အဲဒါကိုသုံးခဲ့ရင် ငါသူ့ကို ခုခံနိုင်မှာ မဟုတ်ဘူး"

သို့သော် သူ၏စကားဆုံးသည်နှင့်ပင် ကျန်းဟန်က လက်ကိုတည်ငြိမ်စွာ ဝှေ့ယမ်းလိုက်သည်။

မမြင်နိုင်သည့်စွမ်းအားတစ်ခုက မြွေအား အပိုင်းပိုင်းဖြတ်သွားသည်။

တစ်ချိန်တည်းမှာပင် ကျန်းဟန်က ခေါင်းကိုအသာယမ်းလိုက်၏။

"ဒါက အရမ်းအလှပြဆန်လွန်းတယ်"

"ဝှစ်"

စုမူ၏အမူအရာမှာ တောင့်တင်းလာသည်။ သူ၏စိတ်ထဲတွင် ရောထွေးသည့်ခံစားချက်များဖြင့် ပြည့်နေ၏။ သူ တစ်နှစ်ကျော်ကြာ လေ့လာသင်ယူခဲ့သည့် တိုက်ကွက်ကို အခြားသူတစ်ဦးက ငြင်းဆိုလိုက်သည့်အတွက် သူ အနည်းငယ် စိတ်မသက်မသာသွားသည်။

"ဒီအကွက်က ထောင်ချောက်ဆင်ဖို့ပဲ"

စုမူက ထပ်ပေါင်းပြောလိုက်ပြီးနောက် ရုတ်တရက် သူ၏လက်ဖဝါးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုအချိန်တွင် ကျန်းဟန်၏ခြေထောက်အောက်ရှိ သဲများနှင့် ကျောက်တုံးများက ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ တခဏချင်း အပေါ်သို့တက်လာပြီး ကျန်းဟန်အား ချည်နှောင်ရန် ကြိုးစားလာသည်။

ထိုအချိန်တွင် သူ့ဘေးနားရှိ သက်လတ်ပိုင်းလူ၏မျက်လုံးများ တောက်ပလာသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now