စာစဉ်(၃၃) အပိုင်း(၉)

159 10 3
                                    

စာစဉ်(၃၃)အပိုင်း(၉)အခန်း(၃၉၁-ခ)ပျောက်ဆုံးမှု(၂)

သူသည် အရင်းမြစ်ရတနာများအားလုံးကိုယူရန် အပေါ်ထပ်သို့တက်ကာ ဒုတိယအိပ်ခန်းဆီသွားလိုက်၏။ ထိုနောက် လဆန်းတောင်ဆီသို့ ထွက်လာခဲ့သည်။

တောင်ထိပ်တွင် ကျန်းဟန်သည် ယန်မိုးကြိုးသစ်ပင်၏တုတ်ခိုင်သည့်အကိုင်းတစ်ခုပေါ်တွင် ထိုင်နေပြီး ရှောင်ဟေးက သစ်ပင်၏နောက်တွင် ထိုင်နေကာ တာဟေးက ပင်စည်ကိုမှီ၍ အိပ်ငိုက်နေသည်။

နေထွက်သည်အထိ သူ တစ်ညလုံး ဒီအတိုင်းထိုင်နေခဲ့သည်။

ယွမ်ချင်သစ်ပင်၏ထိပ်မှ အပြာရောင်အလင်းတန်းဖြာထွက်လာသည်။

အပြာရောင်အလင်းဖြင့်တောက်ပနေသည့် သစ်သီးတစ်လုံး ဖြစ်ပေါ်လာသည်။

ယွမ်ချင်သစ်သီး ပေါ်လာလေပြီ။

ကျန်းဟန်သည် ယွမ်ချင်သစ်သီးကို လျင်မြန်စွာ ခူးယူလိုက်ပြီး ပစ္စည်းများစွာကို အဝတ်အိတ်ဖြင့်ထုပ်ပိုးကာ အရှေ့ဘက်ကမ်းပါးသို့ သွားပြီး ပင်လယ်ထဲသို့ ခုန်ချသွားခဲ့သည်။

......

လွန်ခဲ့သည့်ညက...

ဇီယန်၊ မုန့်မုန့်၊ ကျိုးဖေး၊ လျန်ဟောင်နှင့် သူ့ညီမတို့ စားသောက်ဆိုင်သို့ ရောက်သည့်အခါ မုန့်မုန့်က နှုတ်ခမ်းဆူ၍ မေးသည်။ "ဖေဖေ ဖေဖေဘယ်မှာလဲ"

"သမီးဖေဖေက ရက်နည်းနည်းလောက် အပြင်သွားတယ်။ သူက သမီးနဲ့ သမီးမေမေအတွက် ပေါက်စီလေးတွေ လုပ်ပေးထားတယ်" ကျောက်ဖုန်းက မုန့်ဗန်းနှစ်ခုကို ဆွဲယူလိုက်သည်။

"ဖေဖေကိုပဲ လိုချင်တယ်...." မုန့်မုန့်က ငိုတော့လေသည်။

နေကာမျက်မှန်ဖြင့် ဖုံးအုပ်ထားသည့် သူမျ၏မျက်နှာတွင် ဆုံးရှုံးမှု၊ ပူဆွေးမှု၊ ဝမ်းနည်းမှု၊ နာကျည်းမှုအရိပ်အယောင်နှင့် ဝေခွဲရခက်သည့်ပုံစံရှိနေသည်။

ဤကဲ့သို့ တစ်နာရီခန့်ထိုင်နေပြီးနောက် သူတို့အုပ်စု ပြန်သွားကြသည်။ ကျောက်ဖုန်းလည်း ကိုးနာရီအထိ ထိုင်နေခဲ့ပြီး ကုမ္ပဏီသို့ ပြန်သွားခဲ့သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now