စာစဉ်(၃၃) အပိုင်း(၄)

153 9 0
                                    

စာစဉ်(၃၃)အပိုင်း(၄)အခန်း(၃၈၉-က)မမျှော်လင့်သောပျော်ရွှင်မှု(၁)

ကျန်းဟန် စားသောက်ဆိုင်မှ ထွက်လာသည့်အချိန်တွင် ဇီယန်၏လက်ဖဝါးများမှာ အနည်းငယ်တုန်ယီလာသည်။

သူမနောက်မှလိုက်လာသည့် ကျောက်ဖုန်းနှင့် လန်ယွဲ့တို့ ရပ်တန့်ကာ အဝေးမှကြည့်နေကြသည်။

ကျိုးဖေး၏ခံစားချက်များက ရောထွေးနေ၏။ ယခုထိ ဘာဖြစ်ခဲ့လဲ အတိအကျမသိသော်လည်း... အစ်မယန်မှာ သူမရှေ့ရှိ ခဲအိုကြောင့် နာကျင်ဝမ်းနည်းနေရသည်ကို သူမသိရှိသည်။

"နောက်ဆုံးတော့ မင်းပြန်လာပြီ"

ကျန်းဟန် ရှေ့သို့နှစ်လမ်းတိုးကာ ရပ်လိုက်သည်။

ဇီယန်၏နေကာမျက်မှန်ကိုဖြတ်၍ နီရဲရောင်ရမ်းနေသည့် သူမ၏မျက်လုံးများကို သူ မြင်နိုင်လေသည်။

သူမ ဘယ်လောက်တောင် ငိုထားတာလဲ...

ကျန်းဟန် အလွန်ဝမ်းနည်းသွားသည်။ သူ ရှေ့သို့လှမ်းလိုက်ပြန်ပြီး ဇီယန်အား သူ၏ရင်ခွင်ထဲ ထွေးပွေ့ရန် ကြိုးစားလိုက်သည်။

သို့သော် သူ ခြေတစ်လှမ်းလှမ်းပြီးသည်နှင့် ဇီယန်၏အနည်းငယ်တုန်ယင်နေသည့်အသံကို ကြားလိုက်ရသည်။ "ဒီကိုမလာနဲ့"

ကျန်းဟန်မျက်လုံးများကို မှိတ်လိုက်ပြီး "ကိုယ်တို့ စကားပြောလို့ရမလား"

"ဟင့်အင်း ကျွန်မရှင်နဲ့ ပြောစရာစကားမရှိဘူး။ ကျွန်မရှေ့ကဖယ်" ဇီယန် တည်ငြိမ်သွားသော်လည်း သူမ၏အသံက တုန်ယင်နေဆဲဖြစ်သည်။

သူမ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သေးချေ။

"ဘာဖြစ်လို့လဲ" ကျန်းဟန်က မျက်မှောင်ကြုတ်ကာ "မင်းဘာကြားလာလို့လဲ။ ငါသေချာပြောနိုင်တာက မင်းမြင်ခဲ့တာတွေက အတုအယောင်တွေ...."

"ရှင်အဲဒါတွေဆက်မပြောပါနဲ့လား။ ကျွန်မ မကြားချင်ဘူး။ မကြားချင်ဘူး မကြားချင်ဘူး။ ကျွန်မရှေ့က ဖယ်ပေးပါ။ ကျွန်မကို သွားခွင့်ပေးပါ" ဇီယန် အော်ဟစ်လိုက်သည်။ သူမ၏အသံများ တုန်ယင်နေ၏။

ကျန်းဟန် သူမ၏မျက်လုံးထဲမှ နာကျင်မှုကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး သူမ ပြိုကွဲလုမတတ်ဖြစ်နေသည်ကို ခံစားမိလိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now