စာစဉ်(၄၀) အပိုင်း(၈)

104 8 0
                                    

[စာစဉ်(၄၀) အပိုင်း(၈)] အခန်း(၄၄၈-ဂ) သင်ကြားမှု(၁)

စုလုံက မိတ်ဆက်ပေးသည်။ "ဒါကို ရွှေခုနှစ်ပါးမီးဖိုလို့ခေါ်တယ်။ ရတနာသတ္တုခုနှစ်မျိုးနဲ့ လုပ်ထားတာ။ တစ်ချိန်တုန်းက မှော်ဆေးမာစတာတစ်ယောက် ပိုင်ဆိုင်ခဲ့ဖူးပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရှေးဟောင်းအမွေအနှစ်တစ်ခုကို ရှာဖွေကြရင်း ကံမကောင်းစွာနဲ့ပဲ သူ သေဆုံးသွားခဲ့ရတယ်။ ငါတို့ မီးပြင်းဖိုကို ပြန်ယူလာပြီးတော့ ဒီမှာထားခဲ့တာ။ တစ်ခါတစ်လေ ငါတို့ ဆေးလုံးမာစတာအချို့ကို ဆေးလုံးပြုလုပ်ဖို့ အကူအညီတောင်းလေ့ရှိတယ်။ မင်းပြောထားတဲ့ မီးကျောက်တုံးနဲ့ ငွေသတ္တုအချို့ကို ငါတို့ ပြင်ဆင်ထားတယ်"

ကျန်းဟန်က စုလုံအား ကြည့်လိုက်ပြီး ပြောသည်။ "ကျေးဇူးအများကြီးတင်ပါတယ် ဂရန်းမာစတာစု"

"ဒါတွေက အသေးအမွှားလေးတွေပါ" စုလုံက ခဏလောက် တုံ့ဆိုင်းနေပြီးမှ မေးသည်။ "ငါ ဒီမှာနေပြီး ဘေးကနေ ကြည့်နေလို့ရမလား"

"ရတာပေါ့" ကျန်းဟန်က ခေါင်းညိတ်ပြီး မီးဖိုဆီသို့ လျှောက်သွားလိုက်သည်။ သူသည် အိတ်ထဲမှ လက်ဖဝါးအရွယ် ရွှမ်ဟင်းလင်းပြင်ရွှေကို ထုတ်ယူပြီး မိုးဖိုထဲပစ်ထည့်ကာ မီးကျောက်တုံးကို မီးဖိုအောက်သို့ ဆင့်ခေါ်လိုက်သည်။

မီးပြင်းဖိုက ဖျက်ခနဲလက်သွားပြီး မီးတောက်လာကာ ရွှမ်ဟင်းလင်းပြင်ရွှေကို စတင်သန့်စင်တော့သည်။

ကျန်းဟန်သည် သူမျှော်လင့်ထားသလို ဆေးလုံးသန့်စင်ခြင်းမဟုတ်ဘဲ သတ္တုကို သန့်စင်နေသောကြောင့် စုလုံ အံ့အားသင့်သွားသည်။

သို့သော် သူ စကားမပြောဘဲ တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့သည်။

တစ်နာရီကျော်ကြာပြီးနောက် ကျန်းဟန်၏မျက်လုံးများ လက်ခနဲဖြစ်သွားသည်ကို သူမြင်လိုက်ရပြီး ငွေးတုံးနှစ်တုံးက မီးဖိုထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

ငါးမိနစ်ခန့်ကြာပြီးနောက် မီးတောက်တစ်ခု ဝုန်းခနဲထွက်လာပြီး မီးဖိုထဲမှ လည်ဆွဲတစ်ခု ပျံသန်းထွက်လာရာ စုလုံ၏မျက်လုံးများကို ချက်ချင်းဆွဲဆောင်သွားသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now