စာစဉ်(၃၉) အပိုင်း(၃)

149 10 0
                                    

[စာစဉ်(၃၉) အပိုင်း(၃)] အခန်း(၄၃၈-က) စင်္ကာပူအလည်အပတ်(၁)

နေ့ခင်း နှစ်နာရီတွင် ဇီချန်း၊ ရွှီရှင်းယု၊ ဇီဖန်း၊ ဒုန်လင်း၊ ဇီရှီးယာ၊ ဝမ်မင်တို့မိသားစု၊ ကျန်းဟန်၊ ဇီယန်နှင့် မုန့်မုန့်တို့ ဇီချန်း၏ဗီလာအိမ် ပထမထပ်ရှိ ဧည့်ခန်းတွင် ထိုင်နေကြသည်။ သူတို လက်ဖက်ရည်သောက်ရင်း နွေးထွေးစွာ စကားပြောနေကြသည်။

ဤအချိန်အတွင်း၌ ဇီချန်းက မုန့်မုန့်နှင့် ကစားခဲ့သည်။ ထိုနောက် မင်းသမီးလေး၏ ဇီရှီးယာ၏ဘေးသို့ ပြေးသွားကာ ကာတွန်းကားကြည့်ရှုလေသည်။

၎င်းက ဇီချန်းအား အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ ကာကွန်းကားကို ဘယ်သူဖွင့်လိုက်တာလဲ။ ငါ့မြေးလေးရဲ့အာရုံတွေအကုန်လုံးကို လုယူသွားတယ်...

အမျိုးသမီးများ စကားပြောနေစဉ် ဇီချန်းက ကျန်းဟန်အား ကြည့်လိုက်ပြီး မေးသည်။ "ရှောင်ဟန် မင်း စစ်တုရင်ကစားတတ်လား"

"နည်းနည်းတော့ကစားတတ်ပါတယ်"

"နှစ်ပွဲလောက် ကစားရအောင်။ မင်းကိုပြောထားမယ်။ ငါ စစ်တုရင်ကစားတာ ဆယ်စုနှစ်တွေကြာပြီ။ မင်း မိနစ်အနည်းငယ်အတွင်း အရှုံးမပေးဖို့ ငါမျှော်လင့်တယ်" ဇီချန်းက ဆိုဖာနောက်ဘက် မလှမ်းမကမ်းရှိ စားပွဲလေးဆီသို့ လျှောက်သွားကာ စစ်တုရင်ခုံကို ဆွဲထုတ်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

ဇီဖန်းသည် လက်ဖက်ရည်သောက်ရင်း သူတို့၏ကစားပွဲကို ကြည့်ရန် ဝင်ထိုင်လိုက်သည်။

"လာ စကြစို့"

ဇီချန်းနှင့် ကျန်းဟန်တို့ စစ်တုရင်ခုံပေါ်တွင် အဖြူအမည်းအတုံးများကို စတင်ချထားသည်။

အစပိုင်းတွင် ကစားသမားနှစ်ယောက်က သူတို့၏အတုံးများကို လျင်မြန်စွာ ချထားပြီး အဖြူးအမည်းအတုံးများမှာ အပြန်အလှန်ဖြတ်သွားသည်။ နှစ်ဘက်စလုံးက ထောင်ပေါင်းများစွာသော တပ်ဖွဲ့များ နောက်ဆုံးတိုက်ပွဲအတွက် စောင့်ဆိုင်းနေကြသလိုပင်။

တဖြည်းဖြည်းနှင့် ဇီချန်း၏နေရာယူမှုက နှေးကွေးလာသည်။

ဘေးမှကြည့်နေသည့် ဇီဖန်းက မနေနိုင်ဘဲ ဝင်ပြော၏။ "ညီလေး မင်းရွေ့တာ မှားနေပြီ။ ဟိုနေရမှာ ယူသင့်တာ။ ဘာလို့ ဒီမှာ ထားလိုက်တာလဲ...."

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိΌπου ζουν οι ιστορίες. Ανακάλυψε τώρα