စာစဉ်(၃၅) အပိုင်း(၁၄)

176 12 0
                                    

[စာစဉ်(၃၅) အပိုင်း(၁၄)] အခန်း(၄၁၀-ခ) အုတ်အော်သောင်းနင်းဖြစ်ခြင်း(၂)

ဒီလိုအကောင်ကြီးကြီးတွေ ဘာဖြစ်နေကြတာလဲ။ သူတို့ထဲက တော်တော်များများ အပြင်မှာ တန်းစီနေကြတယ်...

သူတို့ကိုယ်တိုင် တန်းစီနေကြတယ်ပေါ့...

သူတို့လက်အောက်ငယ်သားတွေကို လွှတ်ပြီး ခိုင်းလို့မရဘူးလား...

ဝမ်ကျားဝမ် အလွန်စိတ်ရှုပ်ထွေးနေသော်လည်း ၎င်းတို့က မစ္စတာကျန်းထံ လာသည်ဟု ဝိုးတဝါးခံစားမိသဖြင့် ရင်ထဲ၌ အလွန်အံ့ဩသွားခဲ့ရသည်။

"ဟူး..."

ဒုတိယအတွေးတစ်ခုက သူအား နက်ရှိုင်းသည့်ကြောက်ရွံ့မှုကို ဖြစ်စေသည်။

ဘယ်လိုလူမျိုးက ဒီလိုအင်အားကြီးပုဂ္ဂိုလ်တွေကို အလျင်စလိုရောက်လာစေနိုင်မှာလဲ...

ကျန်းဟန်နှင့် အစောပိုင်းက အပြင်ဘက်မှ အုတ်အော်သောင်းနင်းမှုကို မြင်ပြီးနောက် သူ၏စိတ်ထဲမှ အတွေးများကို အတည်ပြုလိုက်သည်။

ငါ တကယ်ပဲ ထိပ်တန်းအင်အားကြီးပုဂ္ဂိုလ်တစ်ယောက်ကို သိခဲ့တယ်...

"အင်း အပေါ်တက်ကြရအောင်လေ" ကျန်းဟန်က ခေါင်းညိတ်သည်။

ထိုနောက် လူအုပ်စုသည် ဒုတိယထပ်သို့ တက်သွားကြ၏။ မီးဖိုချောင်ဘက်သို့ ဖြတ်သွားသည့်အခါ ဝမ်လုန်က လက်ကိုရှေ့ထား၍ ယဉ်ယဉ်ကျေးကျေးခေါင်းညိတ်ပြကာ နှုတ်ဆက်သည်။

"မင်္ဂလာပါ မစ္စတာကျန်း"

ကျောက်ဖုန်း၊ အားဟူနှင့် နည်းပြလျိုတို့က ခရီးဆောင်အိတ်များကို ဒုတိယထပ်တွင် ချထားပြီးနောက် ထွက်သွားကြသည်။

ယုံကျားရှင်း၏မိသားစုသည် ထိုအချိန်အတွင်း၌ အားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ ၎င်းက ကြီးကျယ်ခမ်းနားသည့် အခြေအနေဖြစ်သော်လည်း ၎င်းက ဖြစ်သင့်သည်ဟု သူတို့ ယူဆကြသည်။ အကယ်၍ အခြားဝူတာအိုဂရန်းမာစတာတစ်ယောက်ရှိခဲ့ရင်ပင် သူလည်း ထိုသို့ဆက်ဆံခံရမည်ဖြစ်သည်။

"ရှောင်ဟန် ဒါက..."

လူတိုင်း ဆိုဖာပေါ် ထိုင်လိုက်ပြီးနောက်တွင် ယုံကျားရှင်းက မနေနိုင်ဘဲ မေးသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now