စာစဉ်(၃၆) အပိုင်း(၁၁)

188 11 1
                                    

[စာစဉ်(၃၆) အပိုင်း(၁၁)] အခန်း(၄၁၆-ဂ) အပြီးသတ်ပြောင်းလဲခြင်း(၃)

ပထမထပ်ရှိ ညလင်းပုလဲ ၁၂ လုံးသည် ခပ်ဖျော့ဖျော့အလင်းရောင် စတင်တောက်ပလာသည်။

"ဝိုး လှလိုက်တာ" မုန့်မုန့်က မျက်တော်တဖျပ်ဖျပ်ခတ်ကာ ရွှင်မြူးစွာပြေသည်။

"အံ့ဩဖို့ကောင်းလိုက်တာ"

"..."

လူအုပ်ကြီးမှာ အံ့အားသင့်သွားကြ၏။

၎င်းက အလွန်ထူးခြားသည့်အတွေ့အကြုံပင်။

မိနစ်အနည်းငယ်ကြာအောင် ကြည့်ရှုပြီးနောက် ထမင်းစားခန်းမီးများကို ပြန်ဖွင့်လိုက်ကြသည်။ အချိန်က ၁၀ နာရီခွဲခန့်ရှိပြီဖြစ်၍ သူတို့ အိမ်ပြန်ကြသည်။

ကျန်းလီက ဤရက်ပိုင်း အလုပ်သွားရန် အစီအစဉ်မရှိချေ။ ကုမ္ပဏီ၏ပင်မအဆောက်အဦးဘေးနားရှိ အထပ်နိမ့်အဆောက်အဦးမှာ ပြီးတော့မည်ဖြစ်သည်။ ကျန်းလီသည် ထိုအကြောင်းကို စဉ်းစားပြီး သူမကိုယ်သူမ အနားယူခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။

ည ၁၀ နာရီခွဲတွင် ကျန်းဟန်သည် မုန့်မုန့်ကိုချီ၍ ဇီယန်နှင့်အတူ ဒုတိယထပ်သို့ တက်လာခဲ့သည်။

ယခုတော့ ဇီယန်သည် ကျန်းဟန်၏ရှေ့၌ ညဝတ်အင်္ကျီလဲရန် ရှက်ရွံ့မနေတော့ချေ။

မုန့်မုန့်အား ညဝတ်အင်္ကျီဝတ်ပေးပြီးနောက် သားအမိနှစ်ယောက် အိပ်ယာထဲသို့ အမြန်ဝင်သွားကြပြီး ကျန်းဟန်က နောက်ဆုံးဖြစ်သည်။

"ကိုယ် ပုံပြင်ကို ဆက်ပြောမယ်။ လူပုဘုရင်နဲ့....."

ပုံပြင်အား ၁၀ မိနစ်ကျော်ကြာ ပြောပြပြီးနောက် သားအမိနှစ်ယောက်လုံး အိပ်ပျော်နေကြောင်း ကျန်းဟန် တွေ့လိုက်ရသည်။

ကျန်းဟန်သည် ချစ်ကြည်နူးတစ်တီတူးရန် ကြံစည်ထားခဲ့သည်ဖြစ်၍ ခါးသီးစွာပြုံးရင်း ခေါင်းကိုခါယမ်းလိုက်သည်။

ဇီယန်သည် မနေ့ညက အလွန်ပင်ပန်းခဲ့ပြီး အသံပင်မထွက်နိုင်တော့အောင်ဖြစ်ခဲ့ရသည်။ ယခု သူမ အိပ်ရေးပျက်ထားသောကြောင့် အနည်းငယ် ပင်ပန်းနေလိမ့်မည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now