[စာစဉ်(၃၄)အပိုင်း(၇)]အခန်း(၃၉၇-က)ရှီးဟန်သို့ထွက်ခွာခြင်း(၁)
"ငါက အရမ်းငယ်သေးတာလား"
ဟဲချန်းတန်က ကျန်းဟန်အား ကြည့်လိုက်သည်။ သူ၏မျက်နှာမှာ ပြာပုံကဲ့သို့ ဖျော့တော့လာ၏။
တဖြည်းဖြည်း သေဆုံးလာသည်ကို ခံစားနေရပြီး အဆုံးအစွန်ထိ စိတ်ပျက်အားငယ်သွားသည်။
ငါ့ရဲ့လက်ရှိအဆင့်ကိုရောက်ဖို့ ဆယ်စုနှစ်တွေချီပြီး ကျင့်ကြံခဲ့ရတယ်...
အခုတော့ ထွက်ပြေးဖို့တောင် အခွင့်အရေးမရှိခဲ့ဘူး...
ငါ တကယ်ကို သတိကြီးကြီးထားခဲ့တာပါ...
ဘာလို့ သူ့ရဲ့တိုက်ခိုက်မှုကို မရှောင်နိုင်ရတာလဲ...
အဲဒီကတ်က ဘယ်လိုလုပ်... ငါ့နောက်ကို တိတ်တိတ်လေးရောက်ပြီး ငါ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတာလဲ...
အရိပ်ကိုးပါးလှုပ်ရှားမှုက တကယ်ပဲ သူ့အာရုံစိုက်မှုနဲ့ မထိုက်တန်ဘူးလား...
၎င်းက ဟဲချင်းတန်၏ နောက်ဆုံးအတွေးဖြစ်ပြီး သူ၏ခန္ဓာကိုယ်က မြေကြီးပေါ် လဲကျသွားသည်။
နောက်ဆုံးထွက်သက်အထိ သူ စိတ်ရှုပ်ထွေးနေခဲ့၏။
ထိုမြင်ကွင်းကိုမြင်တော့ လူတိုင်း အံ့အားသင့်ပြီး ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဟောင်ကောင် သိုင်းပညာရှင်များစာရင်းတွင် အဆင့် ၁၇ ရှိသည့် ဟဲချင်းတန်၏သေဆုံးခြင်းကို တွေ့မြင်ရမည်ဟု သူတို့မထင်ထားခဲ့ကြချေ။
၎င်းကို မည်သူက ကြိုတင်ခန့်မှန်းနိုင်ခဲ့မည်နည်း။ ကိုယ့်မျက်လုံးနှင့်ကိုယ် မြင်ရခြင်းသာမဟုတ်ပါက မည်သူက ယုံကြည်နိုင်မည်နည်း။
"သူ... ဟဲချင်းတန်... သေပြီလား" ကောင်းကင်အဆင့်မာစတာတစ်ယောက်က တုန်ယင်စွာပြောသည်။
"ဟဲချင်းတန်သေသွားပြီ" ဖုန်းယုရှန်က ပြောလိုက်သည်။
ဖုန်းယုရှန်သည် လေးနက်သွား၏။ နောက်ဆုံးတွင် သူ ရောက်ရှိလာချိန်က ခံစားခဲ့ရသည့် နားမလည်နိုင်သော မသက်မသာဖြစ်မှုမှာ ဟဲချင်းတန်နှင့် အကြီးအကဲဟုန်တို့ သေဆုံးခြင်းကို ကြိုတင်ဟောကိန်းဖြစ်ကြောင်း သူ သိလိုက်သည်။
YOU ARE READING
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
Romanceအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...