စာစဉ်(၃၉) အပိုင်း(၁၃)

127 9 0
                                    

[စာစဉ်(၃၉) အပိုင်း(၁၃)] အခန်း(၄၄၃-ခ) ကြုံတွေ့ရမည့်အခွင့်အရေးတစ်ခု(၂)

ကျန်းဟန်နှင့် ဇီယန်တို့က အထွတ်အထိပ်ဆင့်သို့ ရောက်နေပြီဟု သူ၏အဆောင်ဖြင့် စမ်းသပ်ကြည့်ပြီးဖြစ်၍ ဖက်တီးသည် သူ၏သတိထားမှုကို လျှော့ချလိုက်သည်။ သူတို့နှစ်ယောက်နှင့် တူညီသည့်ပန်းတိုင်ရှိနေ၍ ထိုနှစ်ယောက်ကို အတူတူခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက မြွေအုပ်စုဖြင့် တွေ့လျှင် သူတို့အတွက် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် လူငါးယောက်သည် ယာယီအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဖက်တီးက အဆောင်နှစ်ခုကို ထုတ်ယူကာ ရှေ့သို့ ပစ်ထုတ်လိုက်သည်။ အဆောင်နှစ်ခုသည် ရှေ့သို့ ဖြည်းဖြည်းချင်း လွင့်ပျံ့သွားပြီး လေပြင်းများ တိုက်ခတ်ကာ မြက်ခင်းပြင်ကို မှုတ်ထုတ်ပြီး သူတို့အတွက် ငါးမီတာကျယ်သည့်လမ်းကြောင်းကို ဖွင့်လှစ်ပေးသည်။

အဖွဲ့မှာ မြက်ခင်းပြင်၏အနက်ပိုင်းသို့ လျင်မြန်စွာ တိုးဝင်လာကြသည်။

"မင်းတို့က ချစ်နေကြပြီလား" ဖက်တီးက အနည်းငယ် အံ့ဩစွာဖြင့် မေးသည်။

"ဟုတ်တယ်။ ကျွန်မတို့က ချစ်နေကြပြီ။ ကျွန်မတို့ အပြင်ထွက်ပြီးရင် အနာဂတ်မှာ အတူတူနေကြမှာ" ဇီယန်က ကျန်းဟန်ကို ဖက်လိုက်သည်။

"???" ဖက်တီး၏အမူအရာမှာ အေးခဲသွားသည်။

သူ၏နှုတ်ခမ်းထောင့်များက စိတ်ဓာတ်ကျမှု အားကျမှုများဖြင့် တွန့်သွားသည်။

ဟုတ်လား မဟုတ်ဘူးလားပဲ ဖြေပါ။ ဘာလို့ အသေးစိတ်တွေ ပြောပြနေရတာလဲ....

"ညီအစ်ကို မင်း သူ့ကို ဘယ်မှာ ကယ်တင်ခဲ့တာလဲ။ ဘယ်လိုကယ်ခဲ့တာလဲ" ဖက်တီးက စီနီယာတစ်ယောက်ကို တိုင်ပင်မေးမြန်းနေသကဲ့သို့ ရိုးကျိုးသည့်အမူအရာဖြင့် ယဉ်ကျေးစွာမေးသည်။

ကျန်းဟန်က ဇီယန်ကို ကြည့်လိုက်ပြီး ရယ်မောလိုက်၏။ "သူက မြွေတွေဆီကနေ ပုန်းနေတာ တွေ့ခဲ့တယ်လေ။ အဲဒါ အရမ်းအန္တရာယ်များတယ်။ ဒါကြောင့် ငါ မြွေတွေကိုသတ်ခဲ့ပြီး ချောမောလှပတဲ့ကောင်မလေးကို လိုက်ဖို့ ဆုံးဖြတ်ခဲ့တာ"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now