စာစဉ်(၃၄) အပိုင်း(၄)

164 16 0
                                    

[စာစဉ်(၃၄)အပိုင်း(၄)]အခန်း(၃၉၅-ခ)အရမ်းဆူညံ့လွန်းတယ်(၂)

"များလိုက်တာ။ ချီစွမ်းအားမာစတာတွေကရော" လျန်ဟောင်၏မျက်နှာမှာ အနည်းငယ် တုန်ယင်သွားသည်။

"ချီစွမ်းအားမာစတာတွေလား။ ဒီမှာ အနည်းဆုံး တစ်ရာလောက်ရှိတယ်" ချူဟွေ့က နှုတ်ခမ်းကိုတွန့်ကွေးကာ ပြန်ဖြေသည်။

လျန်ဟောင်၏နှုတ်ခမ်းမှာ အနည်းငယ် တုန်ခါသွားပြီး သက်ပြင်းချကာ ပြောသည်။ "ပုံမှန်ဆို တွေ့ရခဲတဲ့ ချီစွမ်းအားမာစတာတွေက ဒီမှာ ဘာမှမဟုတ်ဘူးပဲ"

"ဟားဟား..." ချူဟွေ့က ရယ်မောပြီး "ငါလည်း ဒီအကြောင်းကို သိခါစက အတော်လေး အံ့အားသင့်သွားတာ။ ဒီနေ့ အားလုံး ဒီမှာစုဝေးနေကြပေမယ့် နောက်ပိုင်း ဒီကနေ ပြန်သွားရင်တော့ မင်း သူတို့ကို လမ်းပေါ်မှ လွယ်လွယ်တွေ့နိုင်မှာ မဟုတ်တော့ဘူး"

သူတို့ စကားပြောနေကြစဉ် ရုတ်တရက် လူအပ်ကြီးက အပြင်းအထန် စတင်ဆွေးနွေးကြလေသည်။

လျန်ဟောင်နှင့် အခြာသူများ လူတွေပြောနေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ အံ့အားသင့်သွားကြ၏။

အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ဆံပင်ရှည်နှင့်လူတစ်ယောက်သည် အရှေ့ဘက်ပင်လယ်မှ တစ်လှမ်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ကြရသည်။

ခြေတစ်လှမ်းတိုင်းမှာ ရှေ့ ၁၀ မီတာသို့ ရောက်ရှိလာ၏။

လူတိုင်း၏အာရုံစိုက်မှုအောက်တွင် ထိုလူသည် ပင်လယ်ထဲမှ သူတို့ဆီသို့ လျှောက်လာနေ၏။

သူသည် အနည်းငယ်ညိုသည့် အသားအရေ၊ လေးထောင့်မျက်နှာ၊ မျက်လုံးဝိုင်းဝိုင်းဖြင့် အတော်လေးသန်မာပုံရ၏။

"အဲဒါ ဒါရိုက်တာလဲ့လား" လျန်ဟောင်သည် မျက်လုံးများမှေးကာ ပင်လယ်ဆီသို့ ကြည့်လိုက်၏။ ထိုလူသည် တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် အံ့ဩစွာမေးသည်။

"ပုံစံကတော့ မဟုတ်ဘူး" ချူဟွေ့က ခေါင်းယမ်းကာ "ဒါရိုက်တာလဲ့က အရပ် ၁၉၀ စင်တီမီတာနီးပါးရှိတယ်လို့ ငါ့မိသားစုဆီက ကြားဖူးတယ်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now