စာစဉ်(၃၃) အပိုင်း(၆)

162 10 0
                                    

စာစဉ်(၃၃)အပိုင်း(၆)အခန်း(၃၉၀-က)ချောင်မိသားစုကိုသွားကြမယ်(၁)

ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၉ ယောက်တွင် ၈ ရောက်တက်ရောက်လာပြီး အစည်းအဝေးစားပွဲ၏ဘေးတွင် ထိုင်နေကြသည်။

အခြားတစ်ဖက်မှအဖွဲ့ကို ဟုန်ချီထောင်က ဦးဆောင်ပြီး ဟုန်ချန်းက လက်ထောက်ဖြစ်သည်။ နောက်ထပ် ကြန့်ကြာမနေချင်ကြတော့ဘဲ အားလုံးက ရလဒ်ထွက်ပေါ်လာရန် မျှော်လင့်ထားကြသဖြင့် ယနေ့ ပျက်ကွက်သူ မရှိသလောက်ပင်။

ယွမ်ရင်ဥယျာဉ်၌...

လျန်ဟောင်သည် Escalade ကို ဦးဆောင်မောင်းနှင်ကာ နောက်တွင် ဇီယန်၏ Mercedes တစ်စီးနှင့် လန်ယွဲ့နှင့်အခြားသူများ၏ Mercedes နှစ်စီးလိုက်ပါလာသည်။

Escalade ၏ ခရီးသည်ခုံတွင် လျန်ဟောင်နှင့် စကားပြောနေသည့် သက်လတ်ပိုင်းလူတစ်ဦးရှိသည်။

ထိုလူသည် ယနေ့ တော်ဝင်အန်တာတိတ်မန့်၏အစည်းအဝေးသို့ မတက်ရောက်သော ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်ပြီး လျန်ဟောင်၏စီးပွားရေးပါတနာတစ်ယောက်ဖြစ်သည်။

လျန်ဟောင်သည် ကြိုတင်ပြင်ဆင်၍ ထိုနေရာသို့သွားနေသည်မှာ ထင်ရှားပေသည်။

သူ၏စရိုက်ကြောင့် သူ ကူညီရန်ရွေးချယ်လိုက်ကတည်းက အတတ်နိုင်ဆုံး အကောင်ဆုံးကူညီမည်ဖြစ်သည်။

ဟောင်ကောင် တော်ဝင်အန်တာတိတ်မန့်ကုမ္ပဏီအတွင်း၌...

အစည်းအဝေးအကြောင်းကို ဝန်ထမ်းများ အချင်းချင်းပြောဆိုနေကြသည်။

ဒါရိုက်တာဘုတ်အဖွဲ့ဝင်ရှစ်ဦးစလုံးနှင့် ဖျော်ဖြေရေးနယ်ပယ်မဟာပုဂ္ဂိုလ်ကြီးဟောင်း ဟုန်ချီထောင်တို့၏ အစည်းအဝေးက မည်မျှအရေးပါသည်ကို တော်ဝင်အန်တာတိတ်မန့်ကုမ္ပဏီ၏ဝန်ထမ်းအားအားလုံး သိရှိကြသည်။

"သူဌေးဟုန်က ဒီကိုရောက်လာပြန်ပြီ။ ကြည့်ရတာ သူတို့ ဒီနေ့ ဆုံးဖြတ်ချက်ချမယ်ထင်တယ်။ သူဌေးဟုန်က အစ်မဇီယန်နဲ့ စာချုက်ချုပ်ဖို့ဆုံးဖြတ်ထားတာ"

"ဟုတ်တယ်။ အစ်မယန်က စူပါစတားတစ်ယောက်ဖြစ်လာမှာ သေချာတယ်။ အင်း... နောက်မှ အဲဒါကို ပြောကြမယ်။ သွားကြရအောင်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now