စာစဉ်(၃၇) အပိုင်း(၁၃)

169 11 0
                                    

[စာစဉ်(၃၇) အပိုင်း(၁၃)] အခန်း(၄၂၆-ခ)လီကျန်း(၂)

ပုံမှန်အတိုင်းပင် အဝေးမှလာသည့် သူဌေးကြီးများအပါအဝင် စားသုံးသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ အစပိုင်းတွင် သူတို့၌ အခြားရည်ရွယ်ချက်များရှိကြသော်လည်း ယခုတော့... အရသာရှိသည့်အစားအသောက်များ၏ဆွဲဆောင်မှုက ဤစားသောက်ဆိုင်ငယ်လးသို့ လာရောက်ရသည့်အကြောင်းအရင်းဖြစ်လာခဲ့လေတော့သည်။ မန်ဘာကတ်မရှိသူများမှာ ဗီအိုင်ပီအစားအသောက်များကို မြည်းစမ်းချင်သော်လည်း မန်ဘာကတ်ကို လေလံတင်မည့်အချိန် စောင့်ရုံသာ တတ်နိုင်ကြသည်။

တစ်ချိန်တည်းမှာပင် ထိုသူဌေးကြီးများနှင့် အဆင့်အတန်းမြင့်ပုဂ္ဂိုလ်ကြီးများ ရောက်ရှိလာခြင်းက အခွင့်အရေးများ ရှာဖွေရန် လာရောက်ကြသည့် စားသုံးသူများကို ပို၍ဆွဲဆောင်ခဲ့ပြီး ၎င်းက စားသောက်ဆိုင်၏နောက်ထပ် ထူးခြားသည့်ဝိသေသလက္ခဏာတစ်ခုဖြစ်လာသည်။

သူဌေးကြီးတစ်ယောက်၏ချီးမွမ်းမှုကို ခံရလောက်အောင် ကံကောင်းခဲ့ပါက သူတို့ အလုပ်ကောင်းကောင်းရပေလိမ့်မည်။

ရလဒ်အနေဖြင့် စားသောက်ဆိုင်သို့ လာရောက်စားသုံးသူ ပိုမိုများပြားလာပြီး မကြာမီတွင် လူ ၅၀ ၆၀ တန်းစီနေသည့် လူတန်းရှည်ကြီးက အခြား စားသောက်ဆိုင်များကို မနာလိုအားကျဖြစ်စေသည်။ အထူးသဖြင့် ဇိမ်ခံကားများကိုမောင်းနှင်သည့်လူများစွာကို တွေ့ရသည့်အခါ ပို၍ပင် မနာလိုအားကျကြလေသည်။ သို့သော် သူတို့ သက်ပြင်းချရုံကလွဲပြီး ဘာမှမတတ်နိုင်ချေ။

သူက တကယ့် ပါရမီရှင်တစ်ယောက်ပဲ...

ညစာစားပြီးနောက် ကျောက်ဖုန်းသည် ရှုယုံ၊ အားဟူတို့နှင့်အတူ စားသောက်ဆိုင်မှ ပြန်လာခဲ့ပြီး လုံချန်ခရိုင်သို့ ရဟတ်ယာဉ်နှစ်စင်းဝယ်ယူရန် သွားရောက်ညှိနှိုင်းသည်။

အခြားတစ်ဖက်တွင်...

ခုနှစ်နာရီထိုးခန့်၌ ပင်လယ်ကမ်းခြေပန်းခြံတွင်...

အားလုံးပျော်ရွှင်နေကြသည်ကိုမြင်တော့ ပိုင်မင်က လက်ခုပ်တီးကာ ပြောသည်။ "ညစာစားဖို့ ပင်လယ်ကမ်းခြေကလပ်ကို အရင်သွားရအောင်။ ညပိုင်းကျရင် တခြားအစီအစဉ်တွေဆက်လုပ်ကြမယ်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now