စာစဉ်(၄၀) အပိုင်း(၁၂)

91 8 0
                                    

[စာစဉ်(၄၀) အပိုင်း(၁၂)] အခန်း(၄၅၁-ခ) နောက်ထပ်မုန်တိုင်းတစ်ခုလာတော့မည်(၂)

စေ့စပ်ပွဲကို သတိကြီးကြီးထားက အခမ်းအနားတင်ဆက်ပေးရမည်။ သူ အောင်မြင်ပါက ရာထူးတိုးက လစာတိုးမည်။ သူ ကျရှုံးပါက သူ၏ကုမ္ပဏီမှာ အဆုံးသတ်သွားမည်။

အရူးတစ်ယောက်ကသာ ဒုတိယတစ်ခုကို ရွေးချယ်မည်ဖြစ်ပြီး သူက အရူး မဟုတ်ချေ။ ထို့ကြောင့် သူသည် သတိထားနေပြီး အလျင်မလိုချေ။ ပရိသတ်များမှာ စိတ်ရှည်သည်းခံနေကြပြီး သူတို့အားလုံးက အဓိကပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။ သူ စိတ်ပူနေစရာမလိုအပ်ချေ။

သူတို့ စကားပြောပြီးသည်ကိုမြင်တော့ ဟို့တ်က ဆက်ပြောသည်။ "အခု မစ္စတာကျန်းရဲ့ မိသာစုကို ကိုယ်စားပြုတဲ့ ဝမ်မင်နဲ့ ယုံကျားရှင်းတို့ကို ကြိုဆိုလိုက်ကြရအောင်ခင်ဗျာ"

ထိုနောက် ဝမ်မင်နှင့် ယုံကျားရှင်းတို့ စင်မြင့်ပေါ်သို့ တက်လာကြသည်။

"အချို့သော အကြောင်းများကြောင့် မစ္စတာကျန်းရဲ့မိဘတွေက မတက်ရောက်နိုင်ခဲ့ပါဘူး။ မစ္စယုံကျားရှင်းက အဒေါ်တစ်ယောက်အနေနဲ့ မစ္စတာကျန်းရဲ့ လူကြီးမိဘအဖြစ် ကိုယ်စားပြုပြီး စေ့စပ်ပွဲကို သက်သေခံမှာဖြစ်ပါတယ်။ အကြီးအကဲနှစ်ယောက်ဖြစ်တဲ့ ဇီမိသားစုရဲ့ ဇီကျန်းရှန်နဲ့ ဝမ်ကျန်းဇုန်တို့လည်း ရှိနေပါတယ်။ သူတို့ကို ကြိုဆိုလိုက်ကြရအောင်ခင်ဗျာ"

ဇီကျန်းရှန်နှင့် ဝမ်ကျန်းဇုန်တို့လည်း စင်မြင့်ပေါ်သို့ တက်လာခဲ့ကြသည်။

ခေါင်းဆောင်ကြီးတစ်ယောက်အနေဖြင့် ဇီကျန်းရှန်က မိုက်ခရိုဖုန်းကို အရင်ဆုံးယူလိုက်သည်။

သူက ပရိသတ်များအား ဝေ့ဝိုက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောသည်။ "အခု ရှောင်ဟန်က ဇီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပါ။ သူတို့ ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ရတာမြင်တော့ ကျုပ် ဝမ်းသာပါတယ်။ အစဉ်အလာအရ ခန်းဝင်ပစ္စည်းအဖြစ် လက်ဆောင်တစ်ခု ရှောင်ဟန်ကို ပေးပြီးသားပါ။ ကျုပ် အဲဒါက ဘာလဲဆိုတာတော့ ထပ်မပြောတော့ပါဘူး။ အပြန်လက်ဆောင်အနေနဲ့ ဒီယွမ်နှစ်ဘီလီယံဘဏ်ကဒ်ကို ပေးရတာက ကျုပ်တို့ရဲ့ ကောင်းချီးပါပဲ။ ဒါက အချိုပေါ် သကာလောင်းတယ်လို့ မှတ်ယူလို့ရပါတယ်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now