စာစဉ်(၃၆) အပိုင်း(၁၀)

165 12 1
                                    

[စာစဉ်(၃၆) အပိုင်း(၁၀)] အခန်း(၄၁၆-ခ) အပြီးသတ်ပြောင်းလဲခြင်း(၂)

"အဲဒါဆို ရပြီ။ ငါ့ဘာသာပဲ စစ်ကြည့်လိုက်မယ်။ ဒါပဲ" ကျန်းဟန် ဖုန်းကိုတန်း၍ ချလိုက်သည်။ ထိုနောက် လုံခြုံရေးတပ်ဖွဲ့စင်တာ၏အက်ပ်ကို ဖွင့်လိုက်ရာ အောက်တွင် ဖော်ပြထားသည့် အမှတ် ၁၁၃,၄၈၂ ကို တွေ့လိုက်ရသည်။

အမှတ်ပေါင်း ၁၀၀,၀၀၀ ကျော်ထဲက ၁၀,၀၀၀ ကျော်မှာ ရှုယုံနှင့် နည်းပြလျိုတို့ ဒီအတောအတွင်း သူတို့လူများနှင့် တာဝန်များ ပြုလုပ်၍ ရရှိထားခြင်းဖြစ်သည်။

"ကျွန်ုပ်၏သူငယ်ချင်းများ" တွင် မဖတ်ရသေးသည့် မက်ဆေ့ချ် ၉၉၉+ ရှိနေသည်။

ကျန်းဟန် ၎င်းကို နှိပ်လိုက်ရာ အားလုံးက သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုမှုများဖြစ်ကြောင်း တွေ့လိုက်ရသည်။

"လူဘယ်လောက်များများက ငါနဲ့သူငယ်ချင်းဖြစ်ချင်နေတာလဲဟ"

ကျန်းဟန်သည် မဖတ်ရသေးသည့်မက်ဆေ့ချ်များကို လျစ်လျူရှုရန်အား တန်း၍ နိပ်လိုက်ပြီး အမှတ် ၅၀,၀၀၀ ကို ကာကွယ်သူလန်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

သို့သော် ကာကွယ်သူလန်က လက်မခံချေ။

ကျန်းဟန်သည် ကာကွယ်လန် အွန်လိုင်းပေါ်မရှိဟုယူဆကာ ဖုန်းကို ဘေးချရန် ပြင်လိုက်သည်။

သို့သော် ကာကွယ်သူလန်က အသံမက်ဆေ့ချ်တစ်ခု ပို့လာ၏။

"ဒါရိုက်တာကျန်း အဲဒါက အမှတ်တွေအများကြီးပဲမဟုတ်လား"

၎င်းကို ကြားတော့ ကျန်းဟန်က ချက်ချင်း စာရိုက်လိုက်သည်။ "အကြွေးဆပ်တာ ဘာဝကျပါတယ်။ လက်ခံလိုက်ပါ"

"အင်း ကျုပ်လက်ခံလိုက်မယ်" ကာကွယ်သူလန် အားတင်းပြုံးလိုက်၏။

ထူးဆန်းတောင်ထိပ်ကျွန်းတိုက်ပွဲအပြီးတွင် သူသည် အချိန်အတော်ကြာ ပဟေဠိဖြစ်ခဲ့သည်။ မမျှော်လင့်ထားစွာဖြင့် ကာကွယ်သူကျန်းမှာ သန်မာသည့်ဂရန်းမာစတာတစ်ယောက်ဖြစ်နေ၏။

ထိုအချိန်က ကျန်းဟန်၏ထိန်းချုပ်မှုအောက်ရှိ ထူးဆန်းသောကတ်ပြားသည် ဟဲချင်းတန်၏ခန္ဓာကိုယ်အပြင်ဘက်သို့ တန်း၍ ပျံ့ထွက်လာခဲ့သည်။ ကာကွယ်သူလန်မှာ ထိုမြင်ကွင်းကို ပြန်တွေးမိတိုင်း ရင်တုန်ရ၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now