စာစဉ်(၃၉) အပိုင်း(၄)

155 11 0
                                    

[စာစဉ်(၃၉) အပိုင်း(၄)] အခန်း(၄၃၈-ခ) စင်္ကာပူအလည်အပတ်(၂)

"အိုကေ" မုန့်မုန့်က တိုးတိုးလေးရေရွတ်လိုက်သည်။ သူမ ဇီယန်အား ခိုးကြည့်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

မေမေ တွေ့သွားမှာလား။ ငါ့ကို စားခွင့်မပေးရင် ဘယ်လိုလုပ်မလဲ...

မုန့်မုန့်က ဟိုဟိုဒီဒီလိုက်ကြည့်နေတုန်း ဇီရှီးယာက မုန့်များကို ယူလာပေးသည်။ သူမ အာလူးကြော်တစ်ထုပ်ကိုဖောက်ကာ မုန့်မုန့်အားပေးလိုက်သည်။ သူမကိုယ်တိုင်လည်း ပုဇွန်ကြော်တစ်ထုပ်ကို ဖောက်လိုက်၏။ သူတို့ တီဗီကြည့်ရင်း မုန့်စားကြသည်။

ကာတွန်းကားမှာ လူကြီးများအတွက် ပို၍ သဘောကျစေသည့်အတွက် မုန့်မုန့်က ၎င်းကို အာရုံမစိုက်ဘဲ အာလူးကြော်စားရင်းသာ အချိန်အများစုကို ကုန်ဆုံးစေသည်။

အခြားတစ်ဖက်တွင် ဇီယန်သည် မုန့်မုန့်လုပ်နေသည်ကို သတိပြုမိ၏။ သူမ ရယ်မောလိုက်ပြီး ဘာမှမပြောခဲ့ချေ။

မုန့်မုန့်က တစ်ထုပ်စားပြီးသွားသည့်အခါ နောက်တစ်ထုပ်ကောက်ကိုင်သည်။

"မုန့်မုန့်" ဇီယန်က အသာချောင်းဟမ့်လိုက်၏။

"ဟမ်"

မုန့်မုန့် တုန့်ခနဲရပ်သွားသည်။ သူမလေး ခဏလောက် စဉ်စားပြီးနောက် မုန့်ထုပ်များကို ဇီရှီယာ၏ပေါင်ပေါ်တင်ပေးလိုက်ရင်း ရေရွတ်လိုက်သည်။

"အန်တီရှီးယာ မေမေက မုန့်မုန့်ကို မုန့်တွေအများကြီး စားခွင့်မပြုထားဘူး။ အန်တီစားချင်ရင် စားလို့ရတဘ်"

ထိုနောက် မုန့်မုန့်သည် ဆိုဖာပေါ်မှ လျှောဆင်းကာ ဇီယန်ဆီ ပြေးသွားပြီး အရုပ်နှစ်ရုပ်ဖြင့် ကစားနေသည်။

"ရှောင်ယန် ရှောင်ဟန်နဲ့မုန့်မုန့်က ဘာကြိုက်တတ်လဲ"

ငါးနာရီထိုးခါနီးပြီဖြစ်၍ ရွှီရှင်းယုက ပြုံး၍ ပြောသည်။ "သမီးအဖေက ထမင်းဟင်းချက်တတ်တယ်။ အမေတို့ အိမ်မှာစားလို့ရတယ်"

"အင်း...." ဇီယန်က စစ်တုရင်ကစားနေသည့် ဇီချန်းကို ကြည့်လိုက်သည်။ သူမ ခေါင်းယမ်းကာ ပြောလိုက်သည်။ "အဖေ့ကို ခဏလောက် ကစားခိုင်းလိုက်ပါဦး။ ဒီည အပြင်ထွက်ပြီးစားရအောင်လေ။ ချာရဟတ်ဆီ သွားရအောင်။ အရင်က ကုန်တိုင်မှာ စားသောက်ဆိုင်နှစ်ဆိုင်ရှိတာ သမီးမှတ်မိတယ်။ ဒါပေမယ့် အဲဒီဆိုင်တွေ ဖွင့်သေးလားတော့ မသိဘူး"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now