စာစဉ်(၃၅) အပိုင်း(၁၃)

175 11 0
                                    

[စာစဉ်(၃၅) အပိုင်း(၁၃)] အခန်း(၄၀၉-ခ) အကုန်လုံးသိုင်းပညာရှင်တွေ(၂)

သူတို့ ထိုအကြောင်းကို အများကြီးမသိသော်လည်း အထွတ်အမြတ်ရတနာအဖြစ် သတ်မှတ်ထားသည့်အတွက် ကောင်းသည့်အရာဟု ထင်မြင်ကြသည်။

ကျန်းဟန် သူတို့က အလွန်စိတ်ဝင်စားဖို့ကောင်းသည်ကို တွေ့လိုက်ရသည်။ သူ ပြုံးကာ ခေါင်းယမ်းလိုက်ပြီး "ဒီဟာက ကျုပ်အတွက် အသုံးမဝင်ဘူး။ ဒါပေမယ့် ခင်ဗျားအတွက် အသုံးဝင်လိမ့်မယ်။ သိမ်းထားလိုက်ပါ"

သူ၏အကျွမ်းကျင်ဆုံးအရာမှာ ဝင်္ကပါပညာရပ်မဟုတ်ဘဲ ဝမ်ကျန်းဖန်းနှင့် အခြားသူများကသာ ထိုနယ်ပယ်ကို အထူးပြုကြသူများဖြစ်သည်။

"အသုံးမဝင်ဘူးလား" ဝမ်ကျန်းဖန်း အံ့အားသင့်သွားသည်။ "ဒါပေမယ့် ဒါက အထွတ်အမြတ်ရတနာလေ"

"အဲဒါက ကျုပ်အတွက် အသုံးမဝင်ဘူး။ ကျုပ်မှာ နတ်အဆင့်ရတနာရှိပါတယ်" ကျန်းဟန်က ပြန်ဖြေသည်။

ထိုစကား၏ဆိုလိုရင်းအရ ယန်မိုးကြိုးသစ်ပင်မှာ နတ်အဆင့်ရတနာဖြစ်ပြီး၊ စိတ်ဝိဉာဉ်ချဉ်ဆီက အထွတ်အမြတ်ရတနာဖြစ်ကာ ယွမ်ချင်သစ်ပင်က ကောင်းကင်အဆင့်ရတနာဖြစ်သည်။

ကျန်းဟန်တွင် စိတ်ဝိဉာဉ်ရတနာများစွာရှိသောကြောင့် သူ့အတွက် ဘယ်အရာက အသုံးဝင်ကြောင်း ရှင်းရှင်းလင်းလင်းသိသည်။ ရှင်းရှင်းပြောရလျှင် တောင်တန်းနှင့်မြစ်ပြင်များအလံက သူ့အကြိုက်မဟုတ်ချေ။ အကယ်၍ သူတို့က ဒုတိယအဆင့်ရတနာ အိုစီသလင်းကျောက်နှင့် စတုတ္ထအဆင့်ရတာ တောင်တန်းနှင့်မြစ်ပြင်များအလံကို ယှဉ်၍ ရွေးခိုင်းမည်ဆိုလျှင် ကျန်းဟန်က အိုစီသလင်းကျောက်ကို မဆိုင်းမတွ ရွေးချယ်မည်ဖြစ်သည်။

အစွမ်းအထက်ဆုံးဝင်္ကပါတစ်ခုပြုလုပ်ရန်အတွင် ကြိုတင်နေရာချထားရန်လိုအပ်သည်။ ဝင်္ကပါက ပိုမိုဆန်းကြယ်လေ ပိုမိုအားစိုက်ထုတ်ရလေ လိုအပ်ချက်ပိုများလေဖြစ်သည်။ အကယ်၍ ဝင်္ကပါ တောင်တန်းနှင့်မြစ်ပြင်များအလံတွင် တည်ရှိနေပါက" စွမ်းအင်တစ်ဝက်ခန့်ကို ဆုံးရှုံးသွားမည်ဖြစ်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now