စာစဉ်(၃၈) အပိုင်း(၁၂)

132 8 0
                                    

[စာစဉ်(၃၈) အပိုင်း(၁၂)] အခန်း(၄၃၄-ခ) သူလာပြီ(၂)

"သူ... သူရောက်လာပြီ"

ဇီချင်းတန်၏နဖူးတွင် ချွေးများရွှဲနေသည်။ သူအသက်ရှူမဝလောက်အောင်ပင် ဖိအားများခံစားနေရပြီး ဖန်းဟွမ်အား ကြည့်လိုက်၏။

"ဘာလုပ်ရမလဲ ကျွန်မသိတယ်" ဖန်းဟွမ်၏မျက်နှာမှာ ဖြူဖျော့နေပြီး သူမပြောခဲ့သမျှ လုပ်ခဲ့သမျှကို နောင်တရနေသည်။

ထိုလူက ဤမျှကြီးမားသည့်အဆင့်အတန်းရှိကြောင်း သိူသိခဲ့ပါက သူမ "သဘောမတူဘူး" ဟု ပြောရဲပါမည်လား။

"ဆင်းလာပြီ သူ ဆင်းလာပြီ။ သူတို့စောင့်နေတဲ့လူက ဘယ်လိုအကောင်ကြီးလဲ ငါသိချင်လိုက်တာကွာ"

ရင်ပြင်ရှိ လူငယ်များစွာသည် အလယ်ရှိရဟတ်ယာဉ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေရင်း အချင်းချင်း ဆွေးနွေးနေကြသည်။

"သူ့ရဲ့အဆင့်အတန်းက အရမ်းမြင့်လွန်းတယ်။ ငါစိုးရိမ်တာက သူ့ရဲ့အသက်ကလည်း... သူက အဘိုးကြီးတစ်ယောက်ဖြစ်နိုင်တယ်လေ"

"မင်းပြောတာဟုတ်တယ်။ အရင်တစ်ခေါက်လာလည်တဲ့ မင်းသားတုန်းကတောင် ဒီလိုကြီးကျယ်ခမ်းနားတဲ့ပုံစံမျိုး မဆက်ဆံခံရဘူးမလား"

"ဟူး.... ဇီယန်က အဘိုးကြီးတစ်ယောက်နဲ့လက်ထပ်ခဲ့ရင်တော့... အရမ်း... အရမ်းကြောက်ဖို့ကောင်းတယ်"

မကြာခင်မှာပင် ပန်ကာများနှင့် လေများ လုံးဝ ရပ်တန့်သွားသည်။

တစ်စုံတစ်ယောက်က အလယ်ဗဟိုရဟတ်ယာဉ်၏ တံခါးကို ဖွင့်လိုက်၏။

"ဝိုး အဲဒါ လူချောတစ်ယောက်မဟုတ်လား"

ကျန်းဟန် ရဟတ်ယာဉ်ပေါ်မှ ခုန်ဆင်းလာသည်ကိုမြင်ပြီး လူများစွာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင်ဖြစ်သွားကြသည်။

"သူက ဘယ်လိုလုပ် ဒီလောက်ချောနေရတာလဲ။ ငါ့ကိုမလိမ်ပါနဲ့။ ဒီလောက် ငယ်ငယ်ရွယ်ရွယ် ရုပ်ချောချော နဲ့ အရည်အချင်းရှိတဲ့သူက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ဒရိုင်ဘာလား"

သို့သော် မကြာမီပင် သူတို့ ပြောစရာစကားပျောက်သွားကြသည်။ ၎င်းက တကယ်ပင် မစ္စတာကျန်းဖြစ်၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now