စာစဉ်(၃၂) အပိုင်း(၃)

171 12 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၃)

အခန်း(၃၈၁)ဒါရိုက်တာလာနေပြီ(၁)

ဒုန်တျန်းဖန်က တောင်းပန်ခဲ့သော်လည်း သူကိုယ်တိုင် သိပ်ပြီးစဉ်းစားမနေခဲ့ချေ။

သူ့တူက မည်သို့ပုံစံရှိကြောင်း သိရှိထားပြီး အခြားသူများ၏စကားများအရ ဘာဖြစ်ခဲ့သလဲ မှန်းဆနိုင်သည်။

သူသာ မရှိခဲ့လျှင် ၎င်းက ရိုးရှင်းပေလိမ့်မည်။ ထို့ပြင် သူသည် ၎င်းကို ဂရုမစိုက်ချေ။ သို့သော် ယခု သူလည်းရှိနေခဲ့ပြီး တစ်ဖက်လူမှာ မစ္စတာကျန်း၏ညီမဖြစ်နေသည့်အတွက် သူကိုယ်တိုင်တောင်းပန်ရုံမှတပါး အခြားရွေးချယ်စရာမရှိချေ။

သူ၏စိတ်ထဲ၌ ကူရာမဲ့သလို ခံစားနေရသော်လည်း ဤသည်က တောတွင်းဥပဒေပင်။ သူ ဒါကို လက်ခံရမည်ဖြစ်သည်။

ချူဟွေ့သည် သူ၏တောင်းပန်မှုကြောင့် အနည်းငယ်ထိတ်လန့်သွားပြီး ၎င်းကို မမျှော်လင့်ထားခဲ့ချေ။

လျန်ဟောင်လည်း အလားတူပင် ခံစားခဲ့ရသည်။ နောက်ဆုံးတွင် ဩဇာရှိသည့်လူတစ်ယောက်အနေဖြင့် သူ၏သဘောထားက အရာအားလုံးကို ရှင်းပြသွားသလိုပင်။

ငါ့ညီမလေးကြိုက်နေတဲ့ သူမရဲ့အစ်ကိုက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ...

လျန်ဟောင် အတွေးနက်သွားသည်။

လျန်မုန့်ချီသည် မျက်လုံးများကို‌ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သိချင်စိတ်ဖြင့် ပတ်ပတ်လည်အား လိုက်ကြည့်သည်။

ကျန်းလီက ဘာမှမပြောချေ။ အခြေအနေကိုမြင်တွေ့ပြီးနောက် ဒုန်တျန်းဖန်က ခဏလောက်စဉ်းစားကာ "မင်း မကျေနပ်ဘူးဆိုရင် ဒုန်ဟုန်တာကို မင်းကြိုက်သလို အပြစ်ပေးလို့ရပါတယ်"

ဒုန်ဟုန်တာ ထိတ်လန့်သွား၏။ သူ့ဦးလေးက သူ့အားကူညီရန်ရောက်လာသည်ဟု ထင်ခဲ့သော်လည်း ရှေ့နေငှားမှ ထောင်လုံးလုံးကျရမည့်အဖြစ်ရောက်နေသည်။

ထို့ကြောင့် သူ အလွန်ခါးသီးသွားကာ ငိုလိုက်ချင်သော်လည်း မျက်ရည်ကကျမလာ။

"ထားလိုက်ပါတော့။ ကျွန်မတို့ကို နောက်ထပ်သာမနှောင့်ယှက်နဲ့" ကျန်းလီက လက်ကိုခါယမ်းကာ သူ့အား အပြစ်ပေးမည့်အခွင့်အရေးကို ငြင်းပယ်လိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now