စာစဉ်(၃၄) အပိုင်း(၁၂)

167 12 0
                                    

[စာစဉ်(၃၄)အပိုင်း(၁၂)]အခန်း(၄၀၀-ခ)ငါ့အဖေရဲ့ခေတ်(၂)

ကျန်းဟန်၏စိတ်ဝိဉာဉ်စွမ်းအားကို ဖြည့်သွင်းပြီးနောက် ကတ်များသည် ပန်ကာများအဖြစ်သို့ ပြောင်းလဲကာ အဝေးသို့ ပျံထွက်သွားသည်။

"ဘုန်း ဘုန်း ဘုန်း ဘုန်း"

ဆူညံသံများနှင့်အတူ တပည့် ၁၅၀ မှာ ၁၀ စက္ကန့်အတွင်း ရိုက်ချခံလိုက်ရသည်။

"???" ပထမအကြီးအကဲ ကြက်သေသေသွား၏။

ထိုနောက် ကတ် ၁၈ ခု စက်ပိုင်းမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး အကြီးအကဲသုံးဦးအား ဝိုင်းရံသွားသည်။

အေးစက်နေသည့်ကတ်များက သူတို့အား ကြောက်လန့်မှုဖြင့် တုန်လှုပ်လုနီးပါးဖြစ်သွားစေသည်။

ပထမအကြီးအကဲ၏မျက်ခွံများမှာ တုန်ယင်နေပြီး ပြောသည်။ "သူရဲကောင်းလေး မင်း ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ကျုပ်က မင်းကို ခန်းမထဲမှာ စကားပြောရအောင် ကြိုဆိုဖို့အတွက် တပည့်တွေကို အစီအရင်ခင်းခိုင်းတာ။ မင်းက...."

"အမ်" ကျန်းဟန် ခေါင်းရှုပ်သွား၏။

"အိုး သူတို့က ကျုပ်ကို ကြိုဆိုချင်လွန်းလို့ လက်နက်တွေအကုန်လုံးကို ပြန်ရုတ်သွားတာပေါ့"

"ကျုပ် မဝင်တော့ဘူး။ ခင်ဗျားတို့ဂိုဏ်းချုပ်ကိုပဲ ထွက်လာခိုင်းလိုက်ပါ" ကျန်းဟန်က ရှင်းရှင်းပြောသည်။

"ဂိုဏ်းချုပ်က တကယ် ဒီမှာမရှိဘူး။ လွန်ခဲ့တဲ့ လဝက်လောက်က သူ အပြင်ထွက်သွားတာ။ လွန်ခဲ့တဲ့သုံးရက်ကတော့ ကျုပ်ဆီဆက်သွယ်ပြီး နောက်ထပ် ခရီးဆက်သွားရဦးမယ်ပြောတယ်" ပထမအကြီးအကဲက ရိုးရိုးသားသားဖြေသည်။

"သူ့ကို ဆက်သွယ်လိုက်ပါ" ကျန်းဟန်က တိုက်ရိုက်အမိန့်ပေးသည်။

"ကျုပ် သူ့ကို မဆက်သွယ်နိုင်ဘူး" ပထမအကြီးအကဲက ကူရာမြံစွာဖြင့် "သူရဲကောင်းလေး ဂိုဏ်းချုပ်က ကျုပ်တို့ကိုဆက်သွယ်ဖို့ အများသုံးဖုန်းကိုပဲ အမြဲတမ်းသုံးတာ..."

"ဘာ" ကျန်းဟန် မျက်ခုံးပင့်လိုက်သည်။

ကတ် ၁၈ ခုလုံးသည် အကြီးအကဲသုံးယောက်ဆီသို့ ဆက်တိုက်ရောက်ရှိလာပြီး နောက်ဆုံးတွင် သူတို့၏ခေါင်းများကို လှဉ့်ပတ်နေကြရာ ချွေးများ စီးကျလာလေသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now