စာစဉ်(၃၈) အပိုင်း(၉)

130 7 0
                                    

[စာစဉ်(၃၈) အပိုင်း(၉)] အခန်း(၄၃၂-ဂ) တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာခြင်း(၃)

ဒီလိုအခြေအနေမျိုးမှာ သူက ဘယ်လိုလုပ် ဒီလိုရိုင်းဆိုင်းတဲ့စကားတွေ ပြောလိုက်ရတာလဲ။ ဇီမိသားစုနဲ့ လျိုချင်းဖုန်းတို့ ရန်သူတွေဖြစ်သွားနိုင်တယ်...

သို့သော် လျိုချင်းဖုန်းက ထိုအရာများကို ဂရုမစိုက်ချေ။

သူက ဖန်းဟွမ်အား အထက်အောက်စုံဆန်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မင်းက ဘယ်သူလဲ။ မင်းကြောင့်မလို့ ငါက ဒီကို ရောက်နေတာများ ထင်နေတာလား"

သူက ထေ့ငေါ့ပြုံးလိုက်ပြီး ဇီချန်းအား ပြန်ကြည့်ကာ လေးစားသည့်အမူအရာဖြင့် ပြောသည်။ "အစ်ကိုဇီချန်း အစ်မရွှီ ထိုင်ကြပါ"

"ကောင်းပြီ ကောင်းပြီ" မှင်တက်နေသည့် ဇီချန်းနှင့် ရွှီရှင်းယုတို့ ထိုင်လိုက်ကြသည်။

"ဇီချန်း ဒီကိုလာစမ်း" ဖန်းဟွမ်က ဒေါသတကြီးအော်ဟစ်လိုက်၏။

မင်းဘာမေးချင်တာလဲ။ မင်းဘာသာမင်း ဒီကိုလာပါလား။ မင်းခြေထောက် ကျိုးနေတာလား ဒါမှဟုတ် အရမ်းတုတ်နေလို့ ကြွလို့မရဘူးလား...

လျိုချင်းဖုန်းက ဖန်းဟွမ်အား စိုက်ကြည့်လိုက်ပြီးနောက် ပြောသည်။ "အစ်ကိုဇီချန်း ဒီလိုရွံ့စရာလူတွေနဲ့ မနေနဲ့တော့။ မင်းတကယ် ဒီကိုစ္စကို မတတ်နိုင်ရင် ငါ့လုပ်ငန်းစုမှာ ဒုတိယဥက္ကဌလာလုပ်ပါလား။ အစ်ကို မင်းသဘောတူရင် ငါ အခု ချက်ချင်း စာချုပ်ရေးဆွဲလိုက်မယ်"

လျိုချင်းဖုန်း၏စကားကြောင့် လူတိုင်း မူးနောက်နောက်ဖြစ်သွားကြသည်။

ဒီအချိန်အတွင်း ငါဘာတွေကြုံခဲ့ရတာလဲ...

ဘာဖြစ်တာလဲ...

ဇီချန်း လုံးဝ ခေါင်းခြောက်သွားသည်။ လျိုချင်းဖုန်း၏ ရိုးသားသည့်မျက်နှာကိုကြည့်ရင်း သူသာသဘောတူပါက လျိုချင်းဖုန်းသည် သူ့အား ဒုဥက္ကဌအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

"ဥက္ကဌလျို့ မင်းဘာလို့ဒီလီုလုပ်ရတာလဲ..." ဇီချင်းတန် သည်းမခံနိုင်တော့။ သူ မျက်လုံးကျဉ်းမောင်းသွားပြီး ဖြည်းညှင်းစွာ ပြောသည်။ "ဒါက ရိုင်းဆိုင်းရာကျမနေဘူးလား"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now