စာစဉ်(၃၃) အပိုင်း(၁၁)

152 14 0
                                    

စာစဉ်(၃၃)အပိုင်း(၁၁)အခန်း(၃၉၂-ခ)မုန်တိုင်းပြီးရင်လေပြည်လာတယ်(၂)

ကျန်းဟန်သည် ကျောက်တုံးအိမ်လေးထဲ၌ နှစ်ရက်ကျော် နေခဲ့၏။

ကျန်းဟန် စဉ်းစားလိုက်ပြီး ဇီယန်၏နံပါတ်အား ခေါ်လိုက်သည်။

ထိုအချိန်တွင် ဘတ္ထရီအားနည်းသည့် အချက်ပေးသံနှင့်အတူ ဖုန်းကလည်း မြည်လာသည်။

"တူ..."

ဖုန်းဝင်သွားချိန်တွင် ကျန်းဟန် စကားပြောခါနီး၌...

"ကတူ"

ဘတ္ထရီအားနည်းနေသောကြောင့် ဖုန်းက အလိုလျောက် ပါဝါပိတ်သွားသည်။

ကျန်းဟန် သက်ပြင်းချလိုက်ပြီး တောထဲမှထွက်ကာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တန်း၍ လမ်းလျှောက်သွားလိုက်သည်။

ကားမောင်းသည်ထက်ပင် ပိုမိုမြန်နေခဲ့ပြီး လေဆိပ်သို့ နာရီဝက်အတွင်း ရောက်ရှိသွားခဲ့သည်။

သူ ၁၁ နာရီ ၃၀ မိနစ် လေယာဉ်လက်မှတ်အား ဝယ်လိုက်သည်။

ထိုနောက် စောင့်ဆိုင်းခန်းတွင်ထိုင်ကာ ပြတင်းပေါက်မှ အပြင်သို့ ကြည့်နေလိုက်သည်။

နောက်ဆုံးတွင် လေယာဉ်ပေါ်တက်ရန် သတိပေးချက်မြည်လာသည်နှင့် ကျန်းဟန် မတ်တပ်ထရပ်လိုက်သည်။ သို့သော် သူ ရုတ်တရက် ရပ်တန့်သွား၏။

လေဆိပ်အဝင်ဝတွင် ရင်းနီးနေသည့် ကားအုပ်စုတစ်စုရှိနေသည်။ ပုံရိပ်တစ်ခုက ပထမကားထဲမှ ပြေးထွက်လာပြီး ခြေလှမ်းအနည်းငယ်၌ ခလုတ်တိုက်သွားသည်။ ထိုနောက် သူမ ဒေါက်မြင့်ဖိနပ်ကို ချွတ်ခဲ့ကာ အမြန်ပြေးဝင်သွားသည်။

ကျန်းဟန် အံ့ဩသွား၏။ သူ လေယာဉ်ပေါ်တက်ရန် မေ့ထားလိုက်ပြီး စောင့်ဆိုင်းခန်း တံခါးဝဆီသို့ လျှောက်သွားလိုက်သည်။

တံခါးဝရောက်ခါနီးတွင် အင်တာကွန်မှတဆင့် "ရှီးဟန်သို့ ထွက်ခွာမည့်လေယာဉ်အတွက် လေယာဉ်တက်ချိန် ပြည့်သွားပါပြီ" ဟူ၍ အသံကို သူကြားလိုက်ရသည်။

သူ လေဆိပ်အဝင်ဝမှ ထွက်လာပြီးနောက် သူ့ရှေ့မှ မြင်ကွင်းကြောင့် သူ လန့်သွား၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now