စာစဉ်(၃၉) အပိုင်း(၁၁)

149 11 0
                                    

[စာစဉ်(၃၉) အပိုင်း(၁၁)] အခန်း(၄၄၂-ခ) ငါတို့အဝိုင်းခံထားရပြီ(၂)

အခြားတစ်ဖက်တွင်...

မခုန်ချမီတွင် ဇီယန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သို့သော် သူမ၏ယောက်ျားက သူမအား ကာကွယ်ပေးမည်ဖြစ်၍ သူမ မကြောက်ရွံ့ချေ။ ဤကဲ့သို့သော အံ့ဩဖွယ်ကူးပြောင်းမှုမျိုးအား သူမ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်ပြီး သူမ၏မျက်လုံးဝိုင်းဝိုင်းများကို တဖျပ်ဖျပ်ခတ်ကာ ပတ်ဝန်းကျင်အား စိတ်လှုပ်ရှားစွာဖြင့် လိုက်ကြည့်သည်။

သူမ ခုန်ချလိုက်သည်နှင့် အဖြူရောင်ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။ ကျန်းဟန်က သူမအား ပွေ့ဖက်ထားဆဲဖြစ်‌ကြောင်း သူမ ခံစားနိုင်ပြီး သူမ၏ပတ်ပတ်လည်တွင် ကတ်ပြားများက အလင်းရောင်ဖျော့ဖျော့ဖြင့် လှည့်ပတ်နေသည်ကိုတွေ့လိုက်ရသည်။

အံ့ဩဖို့ကောင်းလိုက်တာ။ ငါတို့ တခြားကမ္ဘာထဲကို ဝင်သွားတော့မှာလား...

ဇီယန် ထိုသို့တွေးလိုက်မိချိန်တမှာပင် သူမရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားသည်။

ကျန်းဟန်နှင့် သူ၏ဂျာကင်ထဲသို့ ဝင်သွားသည့် ကတ်ပြားများကို သူမ မြင်နိုင်သေးသည်။

"ဝိုး ကျွန်မတို့ ရောက်လာပြီ" ဇီယန်က ဘယ်ညာကြည့်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။

"မြက်ခင်းကြီးက အကျယ်ကြီးပဲ။ လေကလည်း အရမ်းလတ်ဆက်တယ်။ ဒါပေမယ့် လဆန်းတောင်လောက်တော့ မကောင်းဘူး။ ဘာလို့ ဒီမှာ လင်းထိန်နေတာလဲ။ နေကိုလည်း မတွေ့ပါဘူး"

ဇီယန်က မြူခိုးများကြားမှ ကောင်းကင်ကို မော့ကြည့်သည်။ နေခင်းဘက်ဖြစ်သော်လည်း နေ၏ဦးတည်ရာကို မမြင်ရချေ။

"ဒီနေရာရဲ့အာကာသက အန္တာတိကတို့ အာတိတ်တို့ နဲ့ ဆင်တူပြီး နေ့နဲ့ညရဲ့အချိန်က ဝင်ရိုးစွန်းရဲ့ နေ့နဲ့ညလိုမျိုး နှစ်ဝက်လောက်အထိ ရှိနိုင်တယ်" ကျန်းဟန်က ပြုံးကာ ပြောပြီး ပတ်ဝန်းကျင်အား ဂရုတစိုက်ကြည့်ရှုသည်။

သူတို့၏ပတ်ဝန်းကျင်တွင် အခြားသတ္တဝါများ မရှိဘဲ လဆန်းတောင်၏မွှေးရနံ့မြက်ပင်များထက် နှစ်ဆလောက်မြင့်သည့် မြက်ခင်းပြင်သာရှိကာ သူတို့ လမ်းလျှောက်ရသည်မှာ သက်တောင့်သက်သာခံစားကြရသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now