စာစဉ်(၄၀) အပိုင်း(၇)

106 8 0
                                    

[စာစဉ်(၄၀) အပိုင်း(၇)] အခန်း(၄၄၈-ခ) သင်ကြားမှု(၂)

ဆိုဖာပေါ်ထိုင်ပြီးနောက် ရွှီရှင်းယုက ရေကြည်တစ်အိုးနှင့် ဖန်ခွက်နှစ်ခွက်ကို ယူလိုက်သည်။ ကျန်းဟန်အတွက် ဖန်ခွက်အပြည့်တစ်ခွက်နှင့် မုန့်မုန့်အတွက် ခွက်တစ်ဝက် ငှဲ့ပေးလိုက်သည်။

"ရေကျက်အေးလေး။ သောက်လိုက်ကြဦး" ရွှီရှင်းယုက ပြုံး၍ ပြောသည်။

သူမ၏လေသံမှာ သူမ၏နူးညံ့သည့်စရိုက်ကဲ့သို့ပင် နူးညံ့သိမ်မွေ့နေသည်။

"ဖေဖေကျ ရေခွက်အပြည့်နဲ့ မုန့်မုန့်ကျ တစ်ဝက်ပဲရှိတယ်" မုန့်မုန့်က ခွက်နှစ်ခွက်ကိုကြည့်ကာ ရေရွတ်လိုက်သည်။

"ဘာလို့လဲဆိုတော့ မုန့်မုန့်က ငယ်သေးတော့ ခွက်အပြည့်ကြီး သောက်ဖို့ မလိုအပ်ဘူးလေ" ရွှီရှင်းယုက ပြန်ဖြေ၏။

သူတို့စကားပြောနေစဉ်က ကျန်းဟန်က ဖန်ခွက်ကို ကောက်ယူကာ သောက်လိုက်သည်။

"သမီးလည်း သောက်လိုက်ဦးမယ်" မုန့်မုန့်က သူမ၏လက်ကလေးကိုဆန့်ကာ ဖန်ခွက်ကို ကောက်ကိုင်ပြီး ရေဖန်ခွက်တစ်ဝက်ကို တစ်မော့တည်းသောက်လိုက်သည်။

"ရှောင်ဟန်" ရွှီရှင်းယု တုံ့ဆိုင်းနေသည်။

"ဘာဖြစ်လို့လဲ။ အမေ တစ်ခုခု ခိုင်းစရာရှိရင် ပြောပါ" ကျန်းဟန်က ပြုံး၍ ပြောသည်။ "ကျွန်တောက် အမေတို့ရှေ့မှာ သိုင်းပညာရှင်လည်းမဟုတ်သလို ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က အမေ့ရဲ့သားမက်ပါပဲ။ အမေပြောချင်တာရှိ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်"

"ဟုတ်တယ် ဘွားဘွား။ အရမ်းယဉ်ကျေးမနေပါနဲ့။ သမီးဖေဖေက အတော်ဆုံးပဲ။ သူက အကုန်လုံးကို သိတယ်" မုန့်မုန့်က သူမ၏လက်ကလေးကို ခါယမ်းပြသည်။

တစ်နည်းဆိုသော် သူမလေး ပြောလိုသည်မှာ "သမီးတို့က မိသားစုတွေပဲ။ အရမ်းယဉ်ကျေးမနေပါနဲ့"

ရွှီရှင်းယုသည် မုန့်မုန့်၏ပန်းနုရောင်ပါးပြင်လေးကို အသာထိလိုက်ပြီး ကျန်းဟန်အား ကြည့်ကာ ပြောသည်။ "မုန့်မုန့်က သူငယ်တန်းမအပ်ရသေးဘူးဆိုတော့... မင်း စင်္ကာပူမှာ အခြေချဖို့အစီအစဉ်ရှိမလားလို့ အမေတွေးနေတာ။ မင်းသဘောတူရင် အမေတို့ မင်းအတွက် အိမ်ကောင်းကောင်းရှာပေးလို့ရတယ်။ မင်းအလုပ်များနေရင်လည်း အမေတို့ မုန့်မုန့်ကို ဂရုမစိုက်ပေးလို့ရတာပေါ့။ မင်းရဲ့ဘဝလည်း ပိုပြီး အဆင်ပြေသွားတယ်လေ"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိHikayelerin yaşadığı yer. Şimdi keşfedin