စာစဉ်(၃၃) အပိုင်း(၈)

161 11 0
                                    

စာစဉ်(၃၃)အပိုင်း(၈)အခန်း(၃၉၁-က)ပျောက်ဆုံးမှု(၁)

"ဘာသတင်းလဲ" ကျန်းဟန် အလျင်စလိုမေးသည်။

"ရှီးဟန်ရဲ့ အရှေ့ဘက်ဆင်ခြေဖုံးက ရှစ်ဖန့်တောင်ပေါ်မှာရှိတဲ့ ချင်းဖုန်းဂိုဏ်းရဲ့ဂိုဏ်းချုပ် ယွဲ့ဝူဝေ့က မင်းမိဘတွေအကြောင်း သိပုံရတယ်" လဲ့ထျန်းနန်က ဖြည်းညှင်းစွာ ဖြေသည်။ "ချင်းဖုန်းဂိုဏ်းက ဂိုဏ်းသား ၂၀၀ အောက်ပဲရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခုပဲ။ ယွဲ့ဝူဝေ့က လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ဂရန်းမာစတာအလယ်အဆင့်နဲ့ နီးကပ်နေခဲ့တာ။ မင်း သူနဲ့ရင်ဆိုင်ရင် သတိထားသင့်တယ်။ မင်း သူ့ဆီသွားလို့ရပေမယ့် သူ မင်းကို အားလုံးပြောပြပါမယ်လို့တော့ ငါ အာမမခံနိုင်ဘူး"

ကျန်းဟန်က မျက်မှောင်ကြုတ်ကာ "နားလည်ပါတယ်။ ကျေးဇူးတင်ပါတယ် ဒါရိုက်တာလဲ့"

"အိုး ဟုတ်သားပဲ ၁၀ ရက်ချိန်းထားတာကို ဖျက်လိုက်ဖို့ ငါ မစ္စတာဟုန်ကို ပြောပြီးပြီ။ ဒါပေမယ့် ပိုပြီးကြီးတဲ့ပြဿနာရှိနေတယ်" လဲ့ထျန်းနန်က ခဏရပ်တန့်ပြီး "ဟဲချင်းတန် ပြန်လာပြီ။ သူ ဂရန်းမာစတာနှောင်းပိုင်းအဆင့်ကို မရောက်ပါစေနဲ့ ဆုတောင်းထားတာ မင်းအတွက်ပိုကောင်းတယ်။ မဟုတ်ရင် သူက မင်းအတွက် ပြဿနာကြီးဖြစ်လာလိမ့်မယ်။ မင်းသူ့ကို ခဏလောက်ရှောင်ပြီး ငါ့အတွက်လည်း ပြင်ဆင်ချိန်ရအောင် ရှီးဟန်ကို သွားလို့ရတယ်။ မင်းအဖေအတွက် ငါ နောက်တစ်ကြိမ် ကူညီပေးမယ်"

ကျန်းဟန်အဖေ၏ကြင်နာမှုကို လဲ့ထျန်းနန် နောက်တစ်ကြိမ် ပြန်ဆပ်နိုင်ခဲ့သည်။ ကျန်းဟန်အား ကူညီရန် အလွန်စိတ်အားထက်သန်နေသည်တော့မဟုတ်ချေ။

"ဟဲချင်းတန်လား။ သူ့အတွက် စိတ်မပူပါနဲ့။ ဒါပေမယ့် ဒါရိုက်တာလဲ့ ကျုပ်ကို တခြားတစ်ခု ကူညီပေးနိုင်ဖို့ မျှော်လင့်တယ်" ကျန်းဟန်က ပြောသည်။

"ဘာများလဲ" လဲ့ထျန်းနန်က အံ့ဩစွာမေးသည်။

ကျန်းဟန် ဟဲချင်းတန်ကို မကြောက်ရွံ့ဘဲနေလိမ့်မည်ဟု လဲ့ထျန်းနန် မထင်ထားချေ။ သူက သေမှာမကြောက်ဘူးလား...။

ဟဲချင်းတန်သည် ဟောင်ကောင်၏သိုင်းလောကအသိုင်းအဝိုင်းတွင် အဆင့် ၁၇ ၌ ရပ်တည်နေပြီး အားလုံးက လေးစားကြသည်။ အကယ်၍ သူသာ ဂရန်းမာစတာနှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါက သူသည် လဲ့ထျန်းနန်နှင့် ညှိနှိုင်းရန် အရေးတယူလုပ်နေမည်မဟုတ်ချေ။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now