စာစဉ်(၃၁) အပိုင်း(၉)

157 9 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၉)

အခန်း(၃၇၆-က)အားလုံးအဆင်သင့်ဖြစ်ပြီ(၁)

ကျန်းဟန် ကတ်ကိုကြည့်လိုက်ရာ‌ မြေပုံအား အသေးစိတ်ရေးဆွဲထားသည်ကို တွေ့လိုက်ရသည်။

သို့သော် ကျန်းဟန်သည် ၎င်းက ဘာမှန်းမသိလျှင်ပင် ထိုကဲ့သို့ရတနာမျိုးကို စိတ်မဝင်စားချေ။

၎င်းသည် စိတ်ဝိဉာဉ်ရတနာဖြစ်နိုင်သော်လည်း ကျန်းဟန်သည် ၎င်းကို သွားရောက်ရှာဖွေရန် ချိန်မရှိ။ မုန့်မုန့်နှင့် နေ့တိုင်းအတူတူရှိနေပေးရန်လိုသေးသည်။ ထို့ပြင် လက်ရှိအချိန်၌ အရေးအကြီးဆုံးမှာ ဖုံးကွယ်စိတ်ဝိဉာဉ်ကျောက်တုံးကို ရရှိရန်နှင့် ယန်ချင်သစ်သီး၏ရင့်မှည့်မှုကို အရှိန်မြှင့်ရန်ဖြစ်သည်။

ထို့ပြင် ရတနာမြေပုံသည် အဓိကနေရာ၌ အမှတ်အသားမပြည့်စုံသည့်အတွက်ကြောင့် ကျန်းဟန်အနေဖြင့် ရတနာအား ရှာဖွေရန် ပိုမိုခက်ခဲသွားသည်။

၎င်းကိုစဉ်းစားပြီးနောက် ကျန်းဟန်သည် ရတနာမြေပုံအား စုဆောင်းထားပြီး ကိုယ့်ဘာသာဖြေရှင်းလိုက်ရန် နည်းပြလျိုအား တောင်းဆိုလိုက်သည်။

နည်းပြလျိုက မြေပုံကို အိတ်ကပ်ထဲတန်းထည့်လိုက်ပြီး ၎င်းကို သိပ်အာရုံမထားနေချေ။

"သူ့မိသားစုကို လက်မအရွယ်အစားထက်မသေးတဲ့ ကျောက်စိမ်းတုံး ၄၉ တုံး ပြင်ထားဖို့ ပြောလိုက်ပါ" ကျန်းဟန် နည်းပြလျိုအား ပြောလိုက်သည်။

"ကောင်းပြီ" နည်းပြလျို ကောင်းညိတ်ကာ ပိုင်မိသားစုအား ဆက်သွယ်ရန် သူ့လူကို အမိန့်ပေးလိုက်သည်။

ပိုင်မိသားစုအား ဆက်သွယ်ပြီးနောက် ကျန်းဟန်သည် ပိုင်ချွမ်းကို ပြန်ခေါ်ရန် သူတို့နှင့် ချိန်းဆိုလိုက်၏။ ပိုင်ချွမ်း၏ မိသားစုသည် မြောက်ပိုင်းခရိုင် ရှန့်ရွှေဥယျာဉ်ရှိ ဗီလာတစ်ခုတွင် နေထိုင်သည်။ သူသည် ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် အထူးကျွမ်းကျင်ပြီး ပိုင်ဆိုင်မှုများစွာ စုဆောင်းထားခဲ့သည်။ သူသည် ပြန်ပေးဆွဲခံရမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now