[စာစဉ်(၃၆) အပိုင်း(၉)] အခန်း(၄၁၅-ခ) တန်ဖိုး(၂)
သူတို့နှစ်ဦးအပြင် လှေပေါ်ရှိ ကျန်းလီနှင့် အခြားသူများလည်း ကြက်သေသေသွားကြသည်။
"ဒီငါးမန်းတွေက ဖျော်ဖြေနေတာလား"
သူတို့၏အကြည့်များအောက်တွင် ငါးမန်းများက နှစ်ကြိမ် ခုန်ကြသည်။ တတိယအကြိမ်တွင်တော့ သူတို့ ပင်လဲထဲမှ အတူတကွခုန်ထွက်ကြပြီး သူတို့၏အမြီးက ကျန်းဟန်ဆီသို့ဦးတည်၍ ရေများကို ပြင်းထန်စွာ ရိုတ်ခတ်သွားသည်။
ပင်လယ်ရမှာ လှိုင်းတက်လာပြီး ကျန်းဟန်အပေါ်သို့ သွန်ကျလာ၏။
"နောက်ဆုတ်"
"ဝှစ်"
ငါးမန်းများသည် သူတို့ခေါင်းဆောင်၏အမိန့်အောက်တွင် လျင်မြန်စွာ ပြန်၍ ကူးခတ်သွားကြသည်။
ကျန်းဟန် မရယ်ဘဲမနေနိုင်တော့။ အကျပ်အတည်းရောက်လာသည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး ပင်လယ်ရေများက လမ်းကြောင်းပြောင်းသွားကာ သူတို့ရှေ့ ငါးမီတာအကျော်သို့ ကျဆင်းသွားသည်။ သူတို့အပေါ် သက်ရောက်မှုတစ်စုံတစ်ရာမရှိချေ။
"ခစ် ငါးမန်းလူဆိုးတွေ" မုန့်မုန့်က ရယ်မောလိုက်သည်။
ကျန်းဟန်၏ရင်ခွင်ထဲမှ ဇီယန်က ခေါင်းလေးကို အသာမော့ကာ ကျန်းဟန်၏ပါးကို နမ်းလိုက်ပြီး ပြောသည်။ "သွားကြရအောင်"
"ကောင်းပြီ" ကျန်းဟန်က ခေါင်းညိတ်ကာ သင်္ဘောဆီသို့ ကူးသွားလိုက်သည်။
သင်္ဘောပေါ် ပြန်ရောက်သည့်အခါ ပက်လက်ကုလားထိုင်ပေါ်ထိုင်နေသည့် အခြားလူများက ပင်လယ်လေညှင်းခံရင်း အအေးသောက်ကာ အပန်းဖြေနေကြသည်ကို တွေ့လိုက်ရ၏။
ဝမ်မင်က သက်ပြင်းချသည်။
"ဒီလိုမျိုး အေးအေးဆေးဆေးအပန်းမဖြေရတာ တော်တော်ကြာပြီ"
ညနေ ငါးနာရီခန့်တွင် သူတို့ တောင်ပိုင်းခရိုင်ဆိပ်ကမ်းသို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် လင်းရွှယ်နှင့် သူမ၏ဖခင်တို့က ကုန်ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာပြီး စာရင်းသွင်းခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသည်။ တစ်လမ်းလုံး ကစားလာသောကြောင့် ကျန်းဟန်နှင့် အခြားသူများက ကုန်တင်သင်္ဘောထက် တစ်နာရီနောက်ကျပြီးမှ ရောက်လာခြင်းဖြစ်သည်။
YOU ARE READING
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
Romanceအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...