စာစဉ်(၃၈) အပိုင်း(၆)

131 7 0
                                    

[စာစဉ်(၃၈) အပိုင်း(၆)] အခန်း(၄၃၀-ခ) ဇီမိသားစုခြံဝန်း(၂)

"ငါကြားတာတော့..." ဟဲချန်က ဖန်းစုန့်ဖုန်းကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောသည်။ "ဇီမိသားစုနဲ့ လက်ထပ်ပေါင်းစည်းဖို့ ဇီချင်းတန်နဲ့ ဆွေးနွေးခဲ့တဲ့သူက ဖန်းမိသားစုတဲ့"

"တုံးအပြီးမိုက်...." ဖန်းစုန့်ဖုန်းမှာ ကြက်သေသေသွားပြီး ဟဲချန်အား ကြည့်လိုက်သည်။ "အဲဒါ အမှန်လား"

"ဟားဟားဟား..." ဟဲချန်က ရယ်မောပြီး ပြောသည်။ "ထူးဆန်းတောင်ထိပ်ကျွန်းတိုက်ပွဲက ပြီးခါပဲရှိသေးလို့ သတင်းက ကျယ်ကျယ်ပြန့်ပြန့်မရောက်သေးတာ။ မဟုတ်ရင် ဇီမိသားစုတစ်ခုလုံး သူတို့ရဲ့ သားမက်ကို တွေ့ဖို့ ဟောင်ကောင်ကို သွားနေလောက်ပြီ။ လွန်ခဲ့တဲ့ရက်ကလည်း ငါ တစ်ခု ကြားခဲ့သေးတယ်။ ကျန်းဟန်ယန်က ဝမ်မိသားစုကို ကူညီဖို့ ရှီးဟန်ကို သွားခဲ့ပြီးတော့ ဆန်းကြယ်မြူခိုးဂိုဏ်းက ရှန်းချီတျန်ကို ဝင်္ကပါပညာရပ်နဲ့ အနိုင်ယူခဲ့တယ်တဲ့"

"ဟူး..." မျက်နှာသွယ်သွယ်အဘိုးအို အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်မိသည်။ "သူက ရှန်းချီတန်ကို ဝင်္ကပါပညာရပ်မှာ ဘယ်လိုလုပ်အနိုင်ယူနိုင်ခဲ့တာလဲ။ သူက အသက် ၃၀ တောင် မပြည့်သေးဘူးလေ"

"သူက ဘယ်လောက်တောင် အရည်အချင်းရှိတာလဲ" နောက်အဘိုးအိုက မျက်လုံးကို အနည်းငယ် မှေးကာ ပြောသည်။ "ငါ မနှစ်က ရှန်းချီတျန်နဲ့ တိုက်ခိုက်ခဲ့တယ်။ ငါ သူ့ရဲ့အနိုင်ကျင့်တာကိုပဲ ခံခဲ့ရတာ။ သူက ဘယ်လိုလုပ် ဂရန်းမာစတာနောက်ပိုင်းအဆင့်တစ်ယောက်က အနိုင်ယူတာ ခံလိုက်ရတာလဲ"

"ဒီတိုက်ပွဲက ရှီးဟန်မှာ နာမည်ကြီးတယ်" ဟဲချန်က ခေါင်းယမ်းလိုက်ပြီး "ငါ သတင်းအတိအကျရထားတယ်။ မနက်ဖြန် ကျန်းဟန်ယန်က စင်္ကာပူကို လက်ထပ်ခွင့်တောင်းဖို့လာမှာ။ ဇီမိသားစုက ဒါကို အရမ်းအလေးအနက်ထားပုံရတယ်။ သူတို့က မိသားစုတော်တော်များများကို ဖိတ်ထားတယ်။ အထူးသဖြင့် ဖန်းမိသားစုကိုပဲ။ အမှန်ကို မသိတဲ့သူတွေတော်တော်များများက ဖန်းမိသားစုနဲ့ ဇီမိသားစုရဲ့ လက်ထပ်ထိမ်းမြားပြီး မဟာမိတ်ပြုတယ်လို့ ထင်နေကြတာ။ မနက်ဖြန် စိတ်ဝင်စားစရာတစ်ခုခု ဖြစ်လာတော့မယ်ထင်တယ်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now