စာစဉ်(၃၇) အပိုင်း(၁၀)

164 13 1
                                    

[စာစဉ်(၃၇) အပိုင်း(၁၀)] အခန်း(၄၂၄-ခ)အံ့အားသင့်နေသည့် ဇီမိသားစု(၂)

ထိုနောက် ဇီမိသားစုဝင်များက သူတို့အား လိုက်ပို့သည်။

အဓိကနေအိမ်သို့ ပြန်လာပြီး အားလုံးထိုင်လိုက်ပြီးနောက်တွင် ဇီဖန်းက စိုရိမ်တကြီးပြောသည်။ "မိသားစုခေါင်းဆောင်။ သူ့ကို ဘာလို့ သဘောတူလိုက်တာလဲ"

"ဘာကိစ္စလဲ။ ဘာဖြစ်လို့လဲ" ဇီချင်းတန်၏ဇနီးက မျက်မှောင်ကြုတ်ကာ မေးသည်။

"ဟားဟားဟား..." ဇီချင်းတန်၏မျက်နှာ မည်းမှောင်သွားသည်။ သူ လက်ဝှေ့ယမ်းကာ "ငါတို့ကို အမှန်အတိုင်းပြော"

ဇီဖန်း အေးခဲသွားပြီး တံတွေးမျိုချလိုက်၏။

"ဒီလိုပါ" သူ စပြောသည်။ "ဇီယန်က အိမ်ထောင်ရှိနေပြီ။ မကြာခင်ရက်ပိုင်းအတွင်း သူ့ယောက်ျားက ဒီကို လက်ထပ်ခွင့်တောင်းဖို့ လာတော့မယ်"

"ဘာ။ သူ ခွင့်ပြုချက်မရှိဘဲ အိမ်ထောင်ပြုရဲတယ်ပေါ့။ ပြီးတော့ ကလေးရော။ ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ" ဇီချင်းတန်၏နောက်ရှိ သက်လတ်ပိုင်းလူက ထခုန်က ဒေါသတကြီးပြောသည်။ "မိသားစုစည်းမျဉ်းကို ချိုးဖောက်တဲ့အတွက် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"

"စိတ်မလောပါနဲ့" ဇီချင်းတန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး "သူက လက်ထပ်ခွင့်တောင်းချင်တယ်ဆိုတော့ သ့မှာ အားသာချက်တချို့ရှိမှာပဲ။ သူ တကယ် တော်တယ်ဆိုရင်တော့ ဇီယန်ကို လက်ထပ်နိုင်တယ်။ မဟုတ်ရင်တော့ သူ့မိန်းမနဲ့ ကလေးကို ဆုံးရှုံးရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုဝင်တွေကို ဘယ်သူမှ သူတို့ဆန္ဒနဲ့ လက်ထပ်ခွင့်မရှိဘူး"

"အိုး သူက အဲဒါကို တောင်းဆိုတာလား" ဖန်းဟွမ် ရယ်မောလိုက်သည်။

ဇီဖန်း တကယ်ဖိအားများနေပြီး ကြောက်လန့်နေသည်။

အခြားအရာအားလုံးထက် အကျိုးအမြတ်ကို အလေးထားသော ဇီချင်းတန်သည် အလွန်တင်းကြပ်ပြီး အစွမ်းထက်နည်းလမ်းများစွာ ရှိသော်လည်း သူ၏အောင်မြင်မှုများနောက်ကွယ်တွင် သူ၏ဇနီးဖြစ်သူ ဖန်းဟွမ်ရှိနေသည်။ ထိုအံ့ဖွယ်အမျိုးသမီး၏အကူအညီဖြင့် ဇီမိသားစု၏အင်အားကို များစွာ တိုးတက်လာစေခဲ့သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now