စာစဉ်(၃၇) အပိုင်း(၁၁)

165 14 1
                                    

[စာစဉ်(၃၇) အပိုင်း(၁၁)] အခန်း(၄၂၅-ခ)သန့်စင်ခြင်း(၂)

နှုတ်ဆက်စကားပြောပြီးနောက်တွင် ယုဝေက သိချင်စိတ်ဖြင့် မေးသည်။ "အစ်မဇီယန် အစ်မရဲ့အယ်လ်ဘမ်ထဲကို သီချင်းသစ်တစ်ပုဒ် ထည့်မလို့လား"

"ဟုတ်တယ်" ဇီယန်က ခေါင်းညိတ်သည်။

ယုဝေက အခွင့်အရေးကို အမိအရယူသည်။ "ဝိုး အရမ်းကောင်းတာပဲ။ အစ်မဇီယန် ညီမက အစ်မရဲ့သီချင်းတွေ အရမ်းကြိုက်တာ။ အမြဲတမ်း ပလေးလစ်တ်ထဲမှာ ထည့်ထားတယ်။ အစ်မ ညီမကို အမှတ်တရလက်မှတ်ပေးလို့ရလား.."

ဇီယန် ပြုံးလိုက်ပြီး "ရတာပေါ့။ ပြီးရင် ညီမကို ပေးပါ့မယ်"

"အင်း.. ညီမရဲ့အင်္ကျီမှာရော လက်မှတ်ထိုးပေးလို့ရလား" ယုဝေ ရှက်ရွံ့စွာ ပြောသည်။

"ရပါတယ်" ဇီယန် ခေါင်းညိတ်သည်။

"ရေး... အရမ်းကောင်းတယ်။ ညီမမှာ ဘောပင်အဆင်သင့်ရှိတယ်" ပြောနေရင်းဖြင့် ယုဝေသည် သူမ၏အိတ်ထဲမှ လက်မှတ်ထိုးဘောပင်တစ်ချောင်း ထုတ်လိုက်ပြီး ဇီယန်ဆီ လျှောက်လာကာ နောက်လှည့်၍ ထိုင်ချလိုက်သည်။ "ညီမရဲ့ကျောမှာ စာလုံးအကြီးကြီးတွေနဲ့ လက်မှတ်ထိုးလိုက်ရုံပဲ..."

ထိုနောက် ဇီယန် ဘောပင်ယူကာ သူမ၏နောက်ကျောတွင် လက်မှတ်ထိုးပေးလိုက်သည်။

"ဒီဝတ်စုံငါ ငါ့ရဲ့တန်ဖိုးကြီးစုဆောင်းမှုတွေထဲမှာ ပါဝင်သွားပြီ။ ရေချိုးခန်းထဲသွားပြီး အဝတ်လဲလိုက်ဦးမယ်" ယုဝေ ဝမ်းသာအားရဖြင့် သူမ၏ခရီးဆောင်အိတ်ကိုယူကာ ရေချိုးခန်းထဲဝင်သွားသည်။

"ဟူး..." ဇီရှီးယာ ကိုယ့်နဖူကိုယ် ပြန်ရိုက်လိုက်၏။

ခဏအကြာတွင် ယုဝေသည် အနီရောင်အင်္ကျီလက်တိုကိုဝတ်ဆင်ပြီး ရေချိုးခန်းထဲမှ ထွက်လာသည်။

မနက် ၁၁ နာရီထိုးအထိ သူတို့ အပေါ်ထပ်တွင် စကားပြောနေခဲ့ကြသည်။ လျိုရှားရှားနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် ဇီရှီးယာ ပြောသည်။ "အစ်မ ငါတို့ သွားရတော့မယ်။ ဒီနေ့က ရှာရှာ့ကောင်လေးရဲ့ မွေးနေ့လေ။ ငါတို့ သူ့ဆီသွားမလို့"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now