စာစဉ်(၃၉) အပိုင်း(၂)

161 6 0
                                    

[စာစဉ်(၃၉) အပိုင်း(၂)] အခန်း(၄၃၇) ဇီမိသားစု၌ပြန်လည်စုံစည်းခြင်း

ကိစ္စပြေလည်သွားပြီးနောက် လေထုမှာ ပို၍ ပေါ့ပါးသွားခဲ့သည်။

ရွှီရှင်းယု၊ ဒုန်လင်း၊ ယုံကျားရှင်း၊ ဇီယန်၊ ဝမ်ရ၊ လျန်မုန့်ချီ၊ ဇီရှီးယာနှင့် အခြားသူများ ဘေးတွင် စကားပြောနေကြသည်။

ဇီချန်းသည် မုန့်မုန့်နှင့်ကစားရန် အာရုံစိုက်နေသည့် တစ်ဦးတည်းသောသူဖြစ်သည်။

ဇီကျန်းရှန်သည် ပြန်မသွားတော့ဘဲ သူ၏မိတ်ဆွေဟောင်းအချို့နှင့် စကားပြောနေခဲ့သည်။

ဟဲချန်နှင့် အခြားသူများ ထိုင်ခုံများကိုရွေ့ကာ ကျန်းဟန်အနီးတွင် ဝင်ထိုင်လိုက်သည်။

ဖန်းစုန့်ဖုန်းက ကျန်းဟန်အား ကြည့်ရင်း သိချင်စိတ်ဖြင့် မေးသည်။ "ဂရန်းမာစတာကျန်း မင်း ရှီးဟန်ကိုအရင်သွားခဲပြီးတော့ ရှန်းချီတျန်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကြားတယ်"

"အဘိုးကြီးဖန်း အဲဒါ တကယ်တွေ့ရခဲတဲ့ တိုက်ပွဲတစ်ခုပဲ"

ဝမ်မင်ကို ကျန်းဟန်က အခြားသူများအား အရင်က ပြောဖူးသည်။ ဂရန်းမာစတာများတွင် အဆင့်များကွဲပြားနေပင်သော်လည်း ဝူတာအိုဂရန်းမာစတာတစ်ယောက်ကို မည်သူမျှ လျှော့မတွက်ချေ။ ဝမ်မင်က ကျန်းဟန်၏လူကြီးမိဘတစ်ယောက်ဖြစ်သည့်အတွက် အားလုံးက တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းနေကြပြီဖြစ်သည်။

ထိုစကားကိုကြားတော့ လူအားလုံးက မေးကိုမော့က ဂုဏ်ယူစွာပြောလိုက်သည့် ဝမ်မင်ကို လှည့်ကြည့်ကြသည်။

"တိုက်ပွဲတစ်ခုက နှစ်ဖက်စလုံး အင်အားညီမျှနေဖို့ လိုအပ်တယ်။ ဒါပေမယ့် ရှောင်ဟန်က ရှန်းချီတျန်ကို အနိုင်ယူဖို့ လှုပ်ရှားမှုလေးတစ်ခုပဲ လိုခဲ့တာ။ သူ့ရဲ့ဝင်္ကပါအစီအရင်က မယုံနိုင်စရာကောင်းလွန်းတယ်။ တကယ့် မွန်းစတားကြီးတစ်ကောင်လိုပဲ"

ဟူး...

ဟဲချန်နှင့် အခြားသူများ မှာ သူ၏စကားကိုနားထောင်ရင်း ပင့်သက်မရှိုက်ဘဲ မနေနိုင်ချေ။

ကျန်းဟန်မှာ အလွန်သန်မာပြီး သူ၏အစီအရင်မှာပင် ထိပ်တန်းဖြစ်နေသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now