စာစဉ်(၃၁) အပိုင်း(၁၃)

166 9 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၁၃)

အခန်း(၃၇၈-ခ)လျန်ဟောင်လာပြီ(၂)

သူ၏စကားမဆုံးခင်မှာပင် ဇီယန်က ပြုံးကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "ငါ့မှာအခု ယောက်ျားရှိနေပြီ"

"အမ်"

ဗလုံးဗထွေးအသံတစ်ခုကြားလိုက်ရပြီးနောက် လုံးဝ တိတ်ဆိတ်သွားသည်။ သိသာစွာပင် သူ လုံးဝ ရှော့ခ်ရသွားသည်။

"ငါတို့သမီးလေးက လေးနှစ်နီးပါးရှိပြီ။ နင်... နင်ငါ့ကိုကူညီဖို့ ဒီကိုလာချင်တာဆိုရင် စိတ်ရှုပ်မခံပါနဲ့တော့။ ငါ့ယောက်ျားက ငါ့ကို အရမ်းဂရုစိုက်တယ်။ ငါ လုံးဝ အဆင်ပြေပါတယ်" ဇီယန် ပြောသည်။

ထိုစကားများ ပြောရခြင်းက ဇီယန် သူ့အာား ပွင့်ပွင့်လင်းလင်း ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

နောက်ထပ် ငါးစက္ကန့်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် အနည်းငယ် ခါးသီးနေသည့်အသံတစ်ခု ကြားလိုက်ရသည်။ "ငါတို့က သူငယ်ချင်းတွေမလား"

"ဟုတ်တယ်လေ။ ဘာလို့မေးတာလဲ"

"ဒါဆို နင့်ရဲ့ယောက်ျားနဲ့ သမီးကိုတွေ့ဖို့ ငါ လာရမှာပေါ့။ ငါ့ရဲ့အဓိကရည်ရွယ်ချက်က ငါ့ညီမနဲ့တွေ့ဖို့၊ အနားယူပြီး ခဏလောက် အပန်းဖြေဖို့ပါ"

မသိစိတ်အရ သူ၏အဓိကရည်ရွယ်ချက် ပြောင်းလဲသွားသည်။

"ကောင်းပြီလေ။ ငါ ဟောင်ကောင်ကို ဆယ်ရက်အတွင်းပြန်လာလောက်မယ်။ ပြန်ရောက်ရင် နင့်ကို ဆက်သွယ်လိုက်မယ်။ ငါ့ယောက်ျားက ဟင်းချက်အရမ်းကောင်းတယ်။ နင့်ကို အစားအသောက်ကောင်းတွေ ဧည့်ခံမယ်" ဇီယန် ပြုံးကာ ပြောလိုက်သည်။

"အိုကေ အဲဒါ သဘောတူညီချက်ပဲ။ ငါအခု လေယာဉ်တက်ရတော့မှာ။ ဖုန်းချလိုက်တော့မယ်"

"ဘိုင့်ဘိုင်"

ထိုသို့ပြောပြီးနောက် ဇီယန် ဖုန်းချလိုက်သည်။

"ဟေး အဲဒီလူချောက လျန်ဟောင်လား" ကျိုးဖေး၏မျက်လုံးများ ပြူးကျယ်နေပြီး သိချင်စိတ်ဖြင့် မေးသည်။

"ဟုတ်တယ်။ သူလေ" ဇီယန် ခေါင်းညိတ်လိုက်သည်။

"ဝိုး သူက အရမ်းကောင်းတဲ့သူပဲ။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက သူ နင့်ကို တွေ့မလို့လာနေခဲ့တာ။ အဲဒီတုန်းက ငါလည်းနင့်ကို သူနဲ့ဒိတ်ဖို့ အကြံပေးခဲ့တာ" ကျိုးဖေးက ပြုံးကာပြောသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now