Chapter (1) အရူးဧကရာဇ်
"ကျိုရန်ဧကရာဇ် မင်းငါ့ကို သစ္စာဖောက်ရဲတယ်? ငါမင်းကို သတ်ပစ်မယ်"
ဒေါသတကြီးဟောက်သံနဲ့အတူ လုရွှမ်သည် ပြင်းထန်စွာ ဖိချခံလိုက်ရပြီး သူ့ခန္ဓာကိုယ်က အပေါ်ကို ခုန်တက်သွားတဲ့အခါ လက်သုံးချောင်းတောင် မမြှောက်နိုင်တော့ဘဲ မြေပေါ်လဲကျသွား၏။
ဒီအခိုက်အတန့်မှာ သူ့တစ်ကိုယ်လုံး နာကျင်နေပြီး အထူးသဖြင့် ရင်ဘတ်က နံရိုးတွေ ကျိုးနေပုံရသည်။ ပူလောင်နေတဲ့ ခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံး လှိုက်တက်လာသည်။
"မြန်မြန်ကြည့် သူနိုးလာပြီ!"
"တုယန်က ကျင်းဝူစာရင်းမှာ ထိပ်တန်းလူ၁၀၀ ထဲက တစ်ယောက်ဖြစ်ပြီး ကျန်းဝူကျောင်းတော်မှာ အဆင့်သတ်မှတ်ခံထားရတဲ့သူ။ သူ့ကို ဒီလောက် ရိုက်နှက်ထားတာတောင် မြန်မြန်နိုးလာနိုင်တယ်? ဒါက သေချာရဲ့လား။ ဒီကောင်လေးက မင်းပြောနေတဲ့ အမှိုက်ရော ဟုတ်ရဲ့လား?"
"နိုးလာတော့ ဘာဖြစ်လဲ သူဘယ်လိုပြိုင်ပွဲကိုမှ ဆက်မလုပ်နိုင်တော့ဘူး!"
"မိန်းမတစ်ယောက်အတွက်နဲ့ မသေချာတဲ့ ပြိုင်ပွဲကို လာပြိုင်နေတယ်.... မင်းသေတာတောင် နည်းသေး!!"
သူ့နားထဲမှာ ဆူဆူညံညံအသံတွေ ကြားနေရသည်။
ဒါဘယ်မှာလဲ။ သူက နတ်ဆိုးဧကရာဇ် ချုံလူကို တိုက်ခိုက်နေရမှာ မဟုတ်ဘူးလား။ ဒီကို ဘယ်လိုရောက်လာတာလဲ။
သူသည် တိမ်ပင်လယ်နယ်မြေရဲ့ နာမည်ကျော်ကြားသော လုရွှမ် ဖြစ်သည်။ ကမ္ဘာပေါ်တွင် အသန်မာဆုံးလို့ သိကြသော ဧကရာဇ်ငါးပါးထဲမှ ဧကရာဇ်တစ်ပါးဖြစ်သည်။
သူက အသန်ဆုံးမဟုတ်ပေမယ့် အားလုံးထဲတွင် အကျော်ကြားဆုံးဖြစ်ပေ၏။ သူ့တွင် ထူးဆန်းသော ကိုယ်ရည်ကိုယ်သွေးနဲ့ အရူးတစ်ယောက်လို စိတ်ထားရှိလို့ လူအများက အရူးဟုခေါ်ကြသည်။
သူ့ဘဝအကြောင်းပြောရင် ဒါဟာ တကယ့်ကို ဒဏ္ဍာရီလိုပါပဲ။ အသက်နှစ်ဆယ်မှာ သူဟာ တိမ်ပင်လယ်နယ်မြေရဲ့ နံပါတ်တစ်ဂိုဏ်းဖြစ်တဲ့ ရွှမ်ချင်းဂိုဏ်းထဲကို ဝင်ရောက်ခဲ့သည်။ သူ့ရဲ့ အရည်အချင်းတွေနဲ့ ပြင်ပဂိုဏ်းမှာ ပေါ်လွင်ဖို့က အလွန်ခက်ခဲခဲ့ပါ၏။