🗡71🗡ရှာတွေ့သွားပြီလား

487 41 0
                                    

Chapter (71)
ရှာတွေ့သွားပြီလား?

ဝေ့ချန်သည် ဖိရွှယ်နယ်ပယ်၏ ဝူအဆင့်၅တွင် အားကောင်းသော တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သည်။ လုရွှမ်သည် တိုက်ခိုက်ခြင်းအတွက် ယုံကြည်မှု ရှိသော်လည်း သူသည် ပြိုင်ဘက်နှင့် ကွာခြားချက်ကို သိသည်။

ဒါ့အပြင် နောက်ထပ် အားကောင်းတဲ့ အဖွဲ့ဝင်တစ်ယောက်ကိုပါ ထပ်ပေါင်းလိုက်ရင် သူထွက်ပြေးချင်တယ် ဆိုရင်တောင် ပြေးလို့လွတ်မှာ မဟုတ်ဘူး။

ဂူထဲကနေ ထွက်ပြေးလာခဲ့တုန်းက ခြေရာလက်ရာတွေ အများကြီး မကျန်အောင် တလမ်းလုံး ဂရုတစိုက် ဂရုစိုက်နဲ့ ပြေးလာခဲ့သည်။ တခြားသူတွေ သူ့ကို ရှာတွေ့ခဲ့ရင်တောင် အနည်းဆုံး ရက်အနည်းငယ်လောက် အချိန်ယူရဦးမယ်လို့ ထင်ထားခဲ့သည်။

ဒီအချိန်အတွင်းမှာ သူ့ရဲ့ နန်းတော်ပင်လယ် နယ်ပယ်ရဲ့ သာမန်အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ချေ။ မထင်ထားဘဲ တစ်ညပဲရှိသေးတာကို ဒီလူတွေက ဒီနားအထိ လာရှာနေကြပြီ။

ခန္ဓာကိုယ်ကို လှည့်၍ ဂူပေါက်ဝကနေ အပြင်ဖက်ကို ချောင်းကြည့်လိုက်သည်။ တကယ်ကို ဝေ့ချန်ပင်။ သူတို့၁၀မီတာ အကွာအဝေးလောက်မှာ တခြားသူတွေနဲ့ ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်နေကြသည်။

ဤအခိုက်အတန့်တွင် သူတို့တစ်ကိုယ်လုံးတွင် သွေးများက ပြောမပြနိုင်လောက်အောင် ပေပွနေကာ ရှက်ရွံ့နေပုံရသည်။

လက်ပြတ်သွားသော အခြားလူ သုံးဦးလည်းရှိကာ ၎င်းတို့သည် အလွန်ကြေကွဲဖွယ် တိုက်ပွဲကို ကြုံတွေ့ခဲ့ရသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိသာထင်ရှားသည်။

"မျက်လုံးနီ နတ်ဆိုးမျောက်ဝံနဲ့ တိုက်ပွဲမှာ သူတို့အများကြီး ရှုံးသွားပုံရတယ်!"

လုရွှမ် နားလည်သွားသည်။

မနေ့က နတ်ဆိုးမျောက်ဝံနဲ့ တိုက်ပွဲမှာ အနိုင်ရခဲ့သင့်ပေမယ့် ရလဒ်က ဆိုးရွားခဲ့ပြီး ဒဏ်ရာတွေနဲ့ အဖွဲ့သားတွေရဲ့ အသက်တွေကို ပေးဆပ်ခဲ့ရသည်။

"ဒီလောက် မြန်မြန်လိုက်ရှာတာ အံ့သြစရာတော့ မဟုတ်ပါဘူး ဒီလိုဆုံးရှုံးမှုကြီးကို ဘယ်သူကမဆို အရမ်း မကျေမနပ်ဖြစ်မှာပဲ!"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now