Arc 2🗡30🗡နဂါးပျံနန်းဆောင်

392 37 1
                                    

Chapter (30) Arc 2
နဂါးပျံနန်းဆောင်

"သခင်လေး...ဒါက ကျိုက်ဖူအိမ်တော်ပါ....ကျိုက်ဖူ လွိထျန်းချောင်က ကျုပ်လိုပဲ ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ပါပဲ...."

"ဒါကတော့ ယွမ်ရွှိက်အိမ်တော်ပါ....ယွမ်ရွှိက် ကျူးယိကလည်း ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က လူပါပဲ...."

ကျောင်းအုပ်ကြီးဟန်က လုရွှမ်ကို လမ်းလျှောက်ရင်း ရှင်းပြသည်။

အကယ်ဒမီကျောင်းမှ တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် လမ်းနှစ်ဘက်ရှိ လူစည်ကားသော မြင်ကွင်းများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဝူယန်အင်ပါယာရှိ တန်ခိုးအကြီးဆုံး လူများနေထိုင်ရာ ခမ်းနားသော အိမ်တော်ကြီးများက အစားထိုးလာခဲ့သည်။

အရှေ့ကို ဆက်လျှောက်လာရင်းနဲ့ လုရွှမ်မှာ ပိုပိုပြီး မျက်မှောင်ကြုတ်လာသည်။

ဒီကိုရောက်လာတဲ့အထိ ကျီးကန်းဟာ ရတနာရဲ့ တည်နေရာ အတိအကျကို ရှာမတွေ့သေးချေ။

"သခင်လေး... ဒီထက်ပိုသွားရင် နန်းတော်ထဲကို ရောက်သွားလိမ့်မယ်....ဘုရင်မင်းမြတ်က အဓိပတိနယ်ပယ်က တန်ခိုးအကြီးဆုံးပဲ.... အရမ်းနီးကပ်သွားရင် သခင်​လေးကို တိုင်းတစ်ပါးရန်သူအဖြစ် အလွယ်တကူ တိုက်ခိုက်လာလိမ့်မယ်!"

အတန်ကြာအောင် လျှောက်သွားပြီးနောက် နန်းတော်နဲ့ နီးလာသောအခါ ကျောင်းအုပ်ကြီးဟန်က ကမန်းကတန်း ပြောလိုက်သည်။

ထိုအချိန်တွင်ပင် လုရွှမ်သည် ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခု သူ့ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်ကို သိလိုက်ရသည်။

နန်းတော်သည် ခမ်းနားထည်ဝါ၍ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးဖြစ်ပြီး လူတို့မြင်ဖူးသမျှ စံအိမ်များထက် ပိုမြင့်၍ ကျယ်ဝန်းလေသည်။

"မင်းအာရုံခံပြီလား?"

လုရွှမ် သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး ကျီးကန်းကို ထပ်မေးလိုက်သည်။

"ဟင်အင်း.... ဒါပေမဲ့ အရှေ့က နန်းတော်ထဲမှာ ဖြစ်နိုင်ခြေများတယ်.... မင်းဝင်ဖို့ နည်းလမ်းရှာကြည့်လိုက်...အထဲရောက်ရင် ငါတွေ့မှာ သေချာတယ်"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now