Arc 2🗡42🗡ညအမှောင်တိုက်ခိုက်မှု (ဒုတိယပိုင်း)

316 28 0
                                    

Chapter (42) Arc 2
ညအမှောင်တိုက်ခိုက်မှု (ဒုတိယပိုင်း)

တစ်စုံတစ်ယောက်ကတော့ ခိုးဝင်တိုက်ခိုက်နေပြီ။

မုယန်ဖုန်း၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။

စုစုပေါင်း ဓားအလင်း သုံးစင်းပင်။ ပထမတစ်စင်းမှာ ဖြောင့်ဖြောင့်ဖြူးဖြူးပြီး ကမ်းပါးမှ ပြိုကျလာသော ရေလျှံသကဲ့သို့ လူတို့အား မတားမဆီးနိုင်သော စိုးရိမ်စိတ်ကို ဖြစ်ပေါ်လာစေသည်။

ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ် အဆင့်။

ဒုတိယဓားအလင်းနှင့် တတိယ ဓားအလင်းဆို့သည် ပထမလမ်းကဲ့သို့ ကြောက်မက်ဖွယ် မ​ကောင်းသော်လည်း လေပြင်းများ ပြည့်နှက်နေသေး၍ ဓားအလင်းတို့ မရောက်မီတွင် ပြင်းထန်သော ဝိညာဥ်ချီသည် လေထဲတွင် ပေါက်ကွဲသွားကာ ရထားလုံးသည် အချိန်မရွေး ကွဲအက်သွားနိုင်သည်။

ဂိုဏ်းဆရာနယ်ပယ် နှောင်းပိုင်းအဆင့်။

ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ် အဆင့်က လူတစ်ယောက်နဲ့ ​နှောင်းပိုင်းအဆင့်က လူနှစ်ယောက်က ပူပေါင်းပြီး ခိုးဝင်တိုက်ခိုက်တဲ့ ဒီတိုက်ပွဲက ကြီးလွန်း၏။

ဗုန်း!

မုယန်ဖုန်းသည် ခဏတုံ့ဆိုင်းနေပါက သူ၏ခန္ဓာကိုယ်သည် အစိတ်စိတ် အမွှာမွှာကွဲကြေသွားနိုင်ကြောင်း သဘောပေါက်တာကြောင့် ဂိုဏ်းဆရာနယ်ပယ် ဖြစ်တဲ့ သူ၏လေ့ကျင့်မှုကို ဖုံးကွယ်မထားဘဲ ကြမ်းတမ်းသော ဝိညာဥ်စွမ်းအင် သည် သူ့ခန္ဓာကိုယ်မှ ထိုးထွက်လာကာ ရထား​လုံးပေါ်တက်၍ တားဆီးလိုက်သည်။

ရထားလုံးသည် သာမန်အရာဝတ္ထု တစ်ခုမျှသာဖြစ်ပြီး သူ၏ခွန်အားကို မည်သို့ ခံနိုင်ရည်ရှိနိုင်သနည်း။ ၎င်း၏ အပိုင်းအစများသည် နေရာတိုင်းတွင် ပြန့်ကျဲသွားသည်။

"သခင်ငယ်လေး....မြန်မြန် ပြေးတော့"

ရှည်လျားစွာ ဟစ်အော်သံနှင့်အတူ သူသည် လုရွှမ် ရှေ့မှာ ပိတ်ရပ်ထားလိုက်သည်။

ပြိုင်ဘက်သုံးယောက်က တကယ်ကို ပြင်းထန်လွန်း၏။ သူတို့ အသီးသီးက သူ့ထက် သန်မာကြတဲ့အတွက် မုယန်ဖုန်းအနေနဲ့ အနိုင်မယူနိုင်မှန်း သိလေသည်။ ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းက မြန်မြန်ဆန်ဆန် ထွက်ပြေးဖို့ပဲ။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now