🗡115🗡မင်းကငါ့ရဲ့မိန်းကလေး

539 45 1
                                    

Chapter (115)
မင်းကငါ့ရဲ့မိန်းကလေး

"ကျင့်ကြံမှုက ဖိရွှယ်နယ်ပယ်?? အသက်ကလည်း ၂၅နှစ်ထက် မပိုရဘူး??"

ဒီအခြေအနေနှစ်ခုကိုကြားတော့ ကျောင်းသား 99% ကျော် ချက်ချင်း ပြုတ်ကျသွားပြီး အတွင်းခန်းထဲက ကျောင်းသား ထက်ဝက်နီးပါးတောင် ပြာကျသွားသည်။

အတွင်းခန်းရှိ တပည့်များ အားလုံးသည် ဖိရွှယ်နယ်ပယ်သို့ ရောက်ရှိခဲ့ကြသော်လည်း အသက်အရွယ်အရ အများစုမှာ ဤအတိုင်းအတာထက် ကျော်လွန်နေပြီ။

"လုရွှမ်... မင်းလည်း စာရင်းသွင်း!"

ရန်းလင်က တချက်ကြည့်လိုက်သည်။

ဒီညီအစ်ကိုရဲ့ တိကျတဲ့ ခွန်အားကို မသိပေမယ့် ထုံးရွှမ်နယ်ပယ်က ဒုကျောင်းအုပ်ချန်ကိုတောင် အနိုင်ယူခဲ့တာ ဆိုတော့ ဖိရွှယ်နယ်ပယ်ထက် မနိမ့်ကျဘူးဆိုတာ သေချာပါသည်။

"ယင်းယန်အကယ်ဒမီက လူသိများပြီး အစွမ်းထက်သော စွမ်းအားတစ်ခုပဲ မင်းဝင်ရောက်နိုင်ရင် ကျင့်ကြံမှုပဲဖြစ်ဖြစ် တခြားအရာပဲဖြစ်ဖြစ် ဒီကထက် သာလွန်မှာ...မင်းဒီမှာတောင် ဒီလောက်မြန်တာ အဲဒီမှာဆိုရင် ခုန်ပျံကျော်လွှားပြီး တိုးတက်သွားမှာ သေချာတယ်!"

ယွမ်ချောင်က ပြောသည်။

သူတို့ရှေ့က အခန်းဖော်ကို ယုံကြည်မှုအပြည့် ရှိစွာ ကြည့်နေကြသည်။

"အင်း!" လုရွှမ် ခေါင်းညိတ်သည်။

ကျန်းဝူအကယ်ဒမီသည် ဝေးကွာလွန်းနေသေးသည်။ အကယ်၍ လျင်မြန်စွာ တိုးတက်ပြီး သန်မာကြံ့ခိုင်လိုပါက ပိုကြီးသောနိုင်ငံကို သွားရပါမည်။ ယင်းယန်အကယ်ဒမီပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့။

ပထမအချက်မှာ ထိုနေရာ၏ ဝိညာဥ်ချီနှင့် အရင်းအမြစ်များသည် ဤဝေးလံခေါင်သီသော နေရာနှင့် နှိုင်းယှဉ်၍ မရပါ။

ဒါကိုတွေးကြည့်ပြီး မဆိုင်းမတွဘဲ လုရွှမ်သည် စာရင်းသွင်းသည့် နေရာသို့ လျှောက်သွား၏။

ယခုအချိန်တွင် စင်မြင့်ရှေ့တွင် လူအများအပြား စုဝေးနေကြပြီး အားလုံးနီးပါးမှာ အတွင်းခန်းမှ ကျောင်းသားများ ဖြစ်သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now