Arc 2🗡54🗡 အောင်မြင်မှု

628 38 2
                                    

Chapter (54) Arc 2
အောင်မြင်မှု

ယွမ်ယန် ဝိညာဥ်ချီသည် မီးတောက်ကဲ့သို့ လောင်ကျွမ်းသွားပြီး လုရွှမ်၏ လက်ထဲမှတစ်ဆင့် အဖိုးတန် ဆေးပင်ပစ္စည်းများထံ ဖြည်းညှင်းစွာ စီးဆင်းသွားကာ ​​တေးဂီတသံများ ကဲ့သို့ ထွက်ပေါ်လာသည်။

အဂ္ဂိရတ်ပညာရှင်တွေ လက်မလွှတ်နိုင်တဲ့ လျှို့ဝှက်နည်းတွေထဲက တစ်ခုကတော့ ကောင်းကင်ဖြေသံ လက်စည်းတံဆိပ်ပဲ ဖြစ်သည်။

ဒဏ္ဍာရီအရ ဆိုရင်တော့ အမြင့်ဆုံးအဆင့်ကိုရောက်ရင် ဖျော်ဖြေပွဲတစ်ခုလို အဂ္ဂိရတ်ပညာကို နားထောင်နိုင်ပေ၏။ သန့်စင်နေစဥ်အတွက် ထွက်ပေါ်လာသော အသံများသည် ဂီတသံကဲ့သို့ ပျံ့လွင့်လာသည်။

ဝိညာဉ်စွမ်းအား အတိုင်းအတာ မ​မြင့်မီက အသုံးပြုရန် ခက်ခဲခဲ့သော်လည်း ယခုအခါ ဝိညာဉ်စွမ်းအား ၀.၉၈ သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် အသုံးပြုရန် အနည်းငယ် ခက်ခဲနေသေးသော်လည်း ချောမွေ့စွာ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။

လက်ဆယ်ချောင်းဖြင့် ပွတ်သပ်ခြင်းသည် ဂီတကြိုးများကို ကြိုးညှိ​ခြင်းနှင့် တူသည်။ အဖြေနှစ်မျိုးကို ပေါင်းစပ်လိုက်တိုင်း မတူညီသောအသံများ ထွက်လာမည် ဖြစ်သည်။ မကြာမီတွင် ရာနှင့်ချီသော သန့်စင်ထားသည့် ဆေးပင် အားလုံးကို ပေါင်းစပ်ပြီး အဂ္ဂိရတ်မီးဖိုထဲတွင် ဖြည်းညှင်းစွာ စုစည်းမိသွားပါသည်။

ဗုန်း!

မည်မျှ ကြာသွားသည်မသိ။ ဆေးမီးဖိုသည် "ဗုန်းကနဲ" ပွင့်လာပြီး တိမ်ဖြူဖြူကဲ့သို့ အငွေ့များ ထွက်လာကာ ဆေးလုံး၏ အမွှေးအကြိုင် ရနံ့များ သင့်ပျံ့လာ၏။

"ပြီးပြီ!"

ကြည့်စရာမလိုဘဲ သန့်စင်မှုအောင်မြင်ကြောင်း လုရွှမ်လည်း သိလေသည်။

လက်ဖဝါးကို ဆန့်လိုက်သည်နှင့် ဆေးလုံး အနည်းငယ်သည် လွင့်ထွက်ပြီး သူ့လက်ဖဝါးထဲသို့ ကျဆင်းသွားသည်။ နွေးထွေးပြီး တောက်ပမှုရှိသော ဆေးလုံးကြီးသည် တစ်ငုံသောက်ပြီးနောက် လူကို လန်းဆန်းသွားစေနိုင်သည်။

"ခြောက်လုံး! ခြောက်လုံးတောင် အောင်မြင်သွားတာပဲ!"

လုရွှမ်၏ မျက်လုံးများ တောက်ပသွားသည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now